Chapter-22
“ဘွားလေး BaekHyunee က ပြန်လာရင် ရယ်ဒီဖြစ်ရမှာနော်.။ Aeri က စောင့်နေတာ”
“ဟုတ်ကဲ့ပါရှင်.ခုပဲသေချာချက်ပြုတ်နေပါတယ်.”
အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းကကြားလိုက်ရသည့် Aeri အသံကြောင့် BaekHyun အသာကွယ်ဝှက်ကြည့်လိုက်မိသည်။ Aeri သည် ခုံရှည်တွင် ခုံပုလေးထပ်ထိုင်လျက် ရှေ့တွင်က မွေးနေ့ကိတ်ကြီးဖြင့်.။သူမလေးခေါင်းတွင်ကလည်း ဦးထုတ်ချွန်ချွန် လေးဆောင်းထားသေးသည်။ မျက်ရည်တွေကြားကနေပြုံးမိလိုက်သေးသည်။မနက်က BaekHyun မွေးနေ့လို့ပြောပြမိတော့ သူမ က ပြန်လာရင် Surprise တဲ့လေ.။ ဒေါ်လေးကတော့ ဟင်းရည်ချက်နေပုံရ၏။ နှစ်ယောက်စလုံးက သူ့ကိုမမြင်တာမို့ သူ ခပ်သွက်သွက်ပင် အပေါ်ထပ်က အခန်းဆီကိုတက်လာခဲ့သည်။ ဒီအိမ်ကိုလာကတည်းကပါလာသည့် အိတ်တစ်လုံးဖြင့် အဝတ်အစားတွေကိုထည့်သည်။ Chanyeol မလာခင်ပြန်ရမည်မို့ ထိုးသိပ်ထည့်နေသော အဝတ်တို့နှင့်အတူ BaekHyun မျက်ရည်တွေ ကတရစပ်ကျသည်။ မျက်ရည်တွေကျလာလိုက် ဖိပွတ်သုတ်လိုက်ဖြင့် မျက်လုံးငယ်သည်အတန်ပင်နီရဲနေချေပြီ။ သူ ပိုင်သမျှကိုသာ ယူဆောင်ကာ အခန်းထဲမှ ခပ်မြန်မြန်ထွက်လာလိုက်သည်။ Aeri ကိုမြင်လျှင်ရှင်းပြရခက်မည်မို့ တိတ်တိတ် ဆိတ်ဆိတ်ပဲ ပြန်ထွက်လာတော့ခြံစောင့်ဦးလေးကြီး ကပြုံးပြနှုတ်ဆက်သေး၏။
BaekHyun ကားလေး၏ဦးတည်ရာသည် မေမေ့အရိုးပြာထားသည့်အဆောက်အဦထံသို့။ ကြုံလာသမျှက BaekHyun တွေးထားပြီးသားမို့ စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းသည်။ မေမေ့ရှေ့တွင်တော့ သူ ထိန်းထားသမျှ သွန်ချမိပါ တော့သည်။ ပြုံးရယ်နေသည့် ဓါတ်ပုံလေးရှေ့တွင် သူ ရှိုက်ကြီးတငင်ငိုသည်။
“ဒီနေ့-မွေးနေ့ဆုတောင်းကို Aeri ဆီကပဲရခဲ့တယ်မေမေ.။ ကိုကို့ဆီကနေ တစ်ခါလောက်ကြားချင်ခဲ့တာ။ရေညှိဟင်းရည်လည်းသောက်ရဦးမယ်။ မေမေ သိလား။ဒီအခြေအနေတွေကို ကျွန်တော်ကိုယ်တိုင်ပဲဖန်တီးခဲ့တာ။ သူ့ကိုချစ်တယ်မေမေ။သူ့အနားမှာနေပြီးစောင့်ရှောက်ပေးချင်တာက စိတ်ရင်းဆိုပေမယ့် ပိုင်ဆိုင်ချင်စိတ်အတ္တလည်းပါ တယ်။ ခုတော့-”
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။