Chapter-30 ( both zawgyi &unicode)
စစ်ဆေးရေးခန်းထဲရှိ ထိုမိန်းမထံသို့တဟုန်ထိုးပြေးဝင်သွားလိုက်သည်ဆိုလျှင်ပဲ စစ်ဆေးရေးမှူးက ထိန်းကာတားဆီး သည်။ ထိုမိန်းမကတော့ ထိုင်ပြီးအစစ်ဆေးခံနေရာကနေ ထရပ်လျက် တုန်တုန်လှုပ်လှုပ်ဖြစ်နေသည်။
“သူဌေးPark စိတ်ထိန်းပါ.။တရားခံကိုကို်ယ်ထိလက်ရောက်ကျူးလွန်လို့မရပါဘူး။စိတ်ထိန်းပါဗျာ.။ခဏတွေ့ချင်တယ်ဆိုပြီး အထက်အရာရှိက ခွင့်ပေးလို့်သာ တွေ့ခွင့်ပေးတာ.။ဆင်ခြင်ပေးပါဗျာ.”
Chanyeol စိတ်ကိုမနည်းထိန်းလျှော့နေသည့်ကြားကပင် ဒေါသ တွေဖြင့်လောင်မြှိုက်က အသက်ရှုမဝတောင်ဖြစ်ရသည်။ Kan Hae Soo သည် Chanyeol ကိုကြောက်ရွံ့စွာကြည့်နေလေသည်။
“မင်းလိုတန်ဖိုးမရှိတဲ့ မိန်းမကြောင့် BaekHyunee က-။တောက်- စိတ်ရှိတိုင်းသာဆို မင်းကိုသတ်ပစ်လိုက်မှာ Kan HaeSoo.”
“တောင်း ပန်ပါတယ်.”
“ဘာကိုတောင်းပန်တာလဲ.။အခန့်မသင့်ရင် သမီးကိုတိုက်မိတော့မလိုဖြစ်မှာစိုးတဲ့ကိစ္စကိုလား။ BaekHyuneeကိုဖမ်းချူပ်ထားမိတဲ့ကိစ္စကိုလား။ဒါမှမဟုတ် အရင်နှစ်တွေက မင်း ငါ့အပေါ်ကျူးလွန်ခဲ့တဲ့ကိစ္စတွေကိုလား။ မင်း အပြစ်တွေများနေလို့ ဘယ်တစ်ခုအတွက် တောင်းပန်တာလဲ ငါမသိတော့ဘူး။ မင်းဘယ်လောက်ထိ ဒီလိုယုတ်မာတတ်သွားတာလဲဟမ်.. ငါ့ချစ်သူ မဟုတ်ဘူး။ ငါ့ယောက်ျားကို တခြားလူနဲ့အနိုင်ကျင့်စေပြီးမှ အဲ့ဒါကိုငါ့ကိုပြဦးမယ်ဟုတ်လား။ တောက်---တိရစ္ဆာန်လောက်တောင်အသိမရှိတဲ့မိန်းမ.။ငါ BaekHyunee ဘာဖြစ်ဖြစ် ချစ်နေမှာဆိုတာမသိလို့လား။ မင်းလိုမိန်းမကများ-။မင်း ထောင်ထဲမှာ အကြာကြီးနေဖို့ငါ တရားစွဲမယ်.”
Kan HaeSoo သည် မျက်ရည်လည်ရွှဲနှင့်ငိုနေမိရင်း Chanyeol နောက်နားဆီက ဂါဝန်စလေးကိုတွေ့သည့် အခါ မျက်ရည်တွေထပ်မံပြိုကျလာပြန်သည်။ BaekHyun အပေါ်မလိုမုန်းထားစိတ်ကြောင့် မြင်မြင်သမျှ အမှန်မထင်တော့သည့် သူမသည် လမ်းကိုဖြတ်ပြေးလာသည့် သမီးဖြစ်သူထံကိုတောင် ကားကဦးတည်သွားမိမလိုဖြစ်လိုက် သေးသည်။ အကယ်ဤ ဒီနေရာတွင် လဲကျနေခဲ့သူမှာ Aeri ဖြစ်နေခဲ့ပါလျှင်--- သူမ တွေးတောင်မတွေးဝံ့တော့ပါ။
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။