Chapter-32 Final Part

48.2K 2.6K 259
                                        

Chapter-32 Final Part

“ကိစ္စတွေအများကြီးဖြစ်သွားတော့ အကို Chen နဲ့ အကို KyungSoo ကို ခုမှပဲ သေချာကျေးဇူးတင်ရတော့တယ်။ ကျွန်တော့်ကိုရော ကိုကိုတို့ကိုပါ စောင့်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ.”

ကုတင်ပေါ်ကနေ အောက်ကိုခြေတွဲလွဲချထိုင်နေသည့် BaekHyun က ခေါင်းလေးငုံ့လျက် အရိုအသေပေးသည်။ BaekHyun ဘေးတွင် ပူးပူးကပ်ကပ်ထိုင်နေသည့် Aeri လေးကပါ အလားတူ ခေါင်းငုံ့အရိုအသေပေးလာတော့ Chen နှင့် KyungSoo ရယ်မိကြသေးသည်။

“နိုးလာပေးတာနဲ့တင် အကိုတို့က ကျေးဇူးတင်ပါတယ်။မဟုတ်ရင် Park Chanyeol တစ်ယောက် နေ့လား ညလားပဲ စိတ္တဇဆေးရုံရောက်တော့မယ်။ Aeri လေး ရှိနေလို့သာပေါ့.”

Chen ပြောတော့ Aeri က BaekHyun ကိုမော့မော့လေးကြည့်ကာ ပြုံးပြလာသည်။ BaekHyun ချစ်စနိုးဖြင့် Aeri ပါးကလေးကို ခပ်ဖွဖွ ဆွဲမွလိုက်မိသည်။

“ဟို ကိုကိုက အရမ်း စိတ်ထိခိုက်နေတာလားဟင်”

“သတိပြန်မလည်လာဘူးဆိုကတည်းက နေ့ရော ညရော BaekHyun အနားမှာလေ.။အစာမစား ဘာမစားနဲ့ အဖျားပါဝင်ပြီး လဲတော့မှ  တားလို့ရတာ.။BaekHyun သာ သတိပြန်မရလာရင် ဒီကောင် တကယ် ရူးမှာ.။ဒီလောက်ထိ BaekHyunကိုချစ်နေမှန်း အကိုတို့တောင် မသိခဲ့ဘူး။”

KyungSoo ကပါ ပြောလာတော့ BaekHyun မျက်နှာ ပြုံးစစလေးဖြင့်ရှိနေသည်။တစ်ခြားသူတွေဆီကနေ Chanyeol တစ်ယောက် မိမိအပေါ် ဘယ်လိုချစ်မြတ်နိုးသည်ဆိုတာ သိရခြင်းမှာ အတိုင်းမသိဝမ်းသာလှ၏။ တကယ်တော့ သူထင်ထား တာထက် ကိုကိုက သူ့ကိုပိုပြီးချစ်ခဲ့သည်ထင်ပါသည်။

“Aeri လည်း လွမ်းနေတာပါနော်.အများကြီး နေ့တိုင်းပဲ BaekHyunee ကို တွေ့ချင်တယ်။နေ့တိုင်းပဲ တူတူကစားချင်တယ်။နေ့တိုင်းပဲ တူတူ မုန့်စားချင်တယ်။”

“ငါတို့ Aeri လေးစိတ်တိုင်းကျ ကိုကိုလေးက လုပ်ပေးမှာပေါ့.”

စကားပြောနေရင်းရုတ်တရက် ဗိုက်ကတစ်မျိုးဖြစ်လာသောကြောင့်မျက်နှာတစ်ချက်ပျက်သွားသည်။ ဒါကို Chen ကသတိထား မိ၏။

“BaekHyun ဘာဖြစ်လို့လဲ ဘယ်နားက နာလို့လဲ”

“ကျွန်တော် သန့်စင်ခန်းဝင်ချင်လို့ ရုတ်တရက်ကြီး”

ကိုကို့အရှင်သခင်Where stories live. Discover now