Chapter-13
“ဒါကဘယ်လဲ”
Chanyeol မျက်ခုံးတွေတွန့်ချိုးလျက် BaekHyun ကိုခြေဆုံးခေါင်းဆုံးကြည့်သည်။ဒူးတွင်မက ပေါင်ထိပ်ထိပါ ဖြဲထားသည့် ဂျင်းသားပျော့ပျော့က အသားတွင်ကပ်လျက် ဖြူဝင်းနေသည့်အသားအရည်သည် အထင်းသား။ ဝတ်ထားသည့် ခပ်ရိုးရိုးစပို့ရှပ် အနက်ကလည်း လည်ပင်းသားအနည်းငယ်ကျယ်သည်ကြောင့် လည်တိုင်ခပ်ကျော့ကျော့ကလည်း ရှင်းရှင်းလင်းလင်း။ သူ ကြည့်နေမှန်းသိတော့ အစွမ်းကုန်ပြုံးရယ်ပြလာသည့် မျက်နှာရယ်ပေါင်းလိုက်တော့ Chanyeol ရူး ချင်သွားသည်။
“Yura နဲ့ စာအုပ်နည်းနည်းသွားဝယ်မလို့ ချိန်းထားတာ ကိုကို။”
“ဒီပုံစံနဲ့လား”
“ဟုတ်။ခါတိုင်းဝတ်နေကျပါပဲ”
Chanyeol ကျစ်ခနဲစုတ်သပ်ကာ ဘီးတပ်ကုလားထိုင်ကို ဧည့်ခန်းထဲထိရွေ့စေလိုက်သည်။ BaekHyun က အပြေးလေးလိုက်လာရင်း အနားက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ညိုမှောင်နေသည့်သူ့မျက်နှာကိုလည်း အကဲခတ်သေး ကာ-
“ဘာဖြစ်လို့လဲ ကိုကို။တစ်နေရာရာက နေမကောင်းလို့လား”
“မင်းနဲ့ အဲ့ဒီ Yuraနဲ့က ဘာလဲ”
“ကျွန်တော့် အခင်ဆုံးသူငယ်ချင်းလေ။ Yura က သိပ်ပြီးစိတ်ထားတတ်တာ.။”
“ရိုးရောရိုးရဲ့လား မင်းတို့နှစ်ယောက်”
ပြုံးရင်းပြောနေသည့် BaekHyun တန့်သွားရသည်။ဘယ်လိုကြီးမေးလိုက်တာပါလိမ့်.။စွပ်စွဲသည်ဟု ပဲသတ်မှတ်ရ မလား။သဝန်တိုနေသည်ဟုပဲသတ်မှတ်ရမလား။
“မင်း အိမ်ထောင်သည်ဖြစ်နေပြီ BaekHyun . အစစ အရာရာဆင်ခြင်ရမယ်။ ငါ့ ဂုဏ်သိက္ခာကိုမထိပါးစေနဲ့.။Park Chanyeol ရဲ့ ခင်ပွန်းက အပြင်မှာ မိန်းကလေးတစ်ယောက်နဲ့တပူးပူးတတွဲတွဲဆိုတာ ငါ မကြားချင်ဘူး။”
မျှော်လင့်နေမိသည့်စိတ်ဓါတ်ကလေးထိုးကျသွားရသည်။အင်းပေါ့.။သတိမမေ့ခင်ကတောင် BaekHyun ကိုကြည်ဖြူခဲ့တာမှမဟုတ်ဘဲ.။သတိမေ့နေလည်း စိတ်က လွယ်လွယ်ပြောင်းလာနိုင်စရာမရှိဘူးပေါ့.။ဒါပေမယ့် သူ ကတော့ တစ်စုံတစ်ရာကိုမျှော်လင့်နေမိသေးသည့်သူ-
KAMU SEDANG MEMBACA
ကိုကို့အရှင်သခင်
Fiksi Penggemarတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။