Chapter-28
“BaekHyunee.”
BaekHyun မျက်လုံးပွင့်လာတာနှင့် Chanyeol က အိပ်ရာဘေးတွင် ဆီးကြိုပြုံးပြနေသည်။ဝတ်စုံပြည့်ဖြင့် Chanyeol က အိပ်ရာပေါ်တွင် ဝင်ထိုင်လာကာ သူ့လက်ချောင်းလေးတွေကို ထောင်ယမ်းလှုပ်ခါပြသည်။
“ဟင် ဘာလဲ ကိုကို-”
သေချာကြည့်လိုက်မိမှ Chanyeol ဘယ်ဘက်လက်၏ လက်သူကြွယ်တွင် မောင်းကွင်းလေးတစ်ကွင်း။ Chanyeol က BaekHyun ၏ ရင်ဘတ်ပေါ်တွင် တင်ထားသည့် လက်ကလေးတစ်ဖက်ကိုပါ ဆွဲထောင်ပြလာသည်။ BaekHyun လက်မှာ လည်း ထပ်တူမောင်းကွင်းလေး။စိတ်လှုပ်ရှားကာ ပါးစပ်အဟောင်းသားပွင့်သွားရပါတော့သည်။ထို့နောက် လူးလဲထတော့ Chanyeol က ကူထူ၏။
“သေသေချာချာလေး လက်ထပ်ရအောင် ကိုကို့BaekHyunee.”
“ဟာဗျာ.”
Chanyeol နှင့်မျက်နှာချင်းဆိုင် ထိုင်နေရင်းမှ BaekHyun မျက်ရည်လည်လာပါတော့သည်။ သူ မှန်းမထားခဲ့ဖူးပါ။ လက်ထပ်တာတွေ မထပ်တာတွေ အရေးမကြီး။ ကိုကို့အနားတွင် သူရှိနေဖို့လေးက အဓိကပေမယ့် ခုလို လေးလေးနက်နက် ခွင့်တောင်းလာတော့လည်း ဒီလူသား၏ မိမိအပေါ်မြတ်နိုးနေမှုကို သေသေချာချာသိလာရလာသည်။သူ တစ်ချက်ရယ်ရင်း မျက်ရည်က ပြိုကျလာတော့သည်။ဘယ်သူမဆို ယောကျာ်းမိန်းမမရွေး ဝမ်းနည်းဝမ်းသာလျှင် ငိုခွင့်တော့ရှိသည်မလား။
“ဘာလို့ငိုတာလဲ ကိုကို့ကို လက်မထပ်ချင်လို့လား”
“ကိုကို က ဘာလို့ ကျွန်တော်မသိတဲ့အချိန် လက်ထပ်လက်စွပ် ဝတ်ပေးတာလဲလို့။ကျွန်တော် အိပ်ပျော်နေတဲ့အချိန်မှ ဝတ်ပေးရလား။”
“အဟက်-ကိုယ်က မင်းလေးကို အံ့သြပျော်ရွှင်စေချင်လို့လေ.။အမှန်တော့ မနေ့ညကတည်းက ကိုယ်ခွင့်တောင်းမလို့။ဧည့်ခံပွဲမှာ သူတို့တွေဝိုင်းတိုက်တာနဲ့ ကိုယ် အမူးလွန်သွားလို့ပါ။ ကိုယ်ပြောမယ် BaekHyunee.”
အိပ်ရာပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်နေကြရင်း Chanyeol က BaekHyun လက်ကလေးနှစ်ဖက်ကိုသေချာဆုပ်ကိုင်လာရင်း BaekHyun မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်သည်။ သူ ဝတ်ပေးထားသည့် သူ့အင်္ကျီလက်ရှည် က BaekHyun ကိုယ်ပေါ်တွင် ကပိုကရို.။ဆံစတို့က ထိုးထိုးထောင်ထောင်နှင့်ခဏလေးအိပ်ပျော်တာတောင် အအိပ်ကြမ်းလှသည့် ချစ်ရသူကို အမြတ်တနိုးကြည့်မိကာ-

YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။