"ကိုကို-"
အသံကြားသည်နှင့် မော့မကြည့်ပါဘဲ Chanyeol ကျွတ်ခနဲ အသံပြုမိသည်။ သူငယ်ချင်းသုံးယောက်အတူ အေးအေးဆေးဆေး ဘားတွင် ထိုင်သောက်နေသည်ကို ဘယ်က အရှုပ်ထုတ်က ပေါ်လာရပါသနည်း။ ဒီရက်ပိုင်းလည်း ကျောင်းတွင်သိသိသာသာ တစ်မျိုး မသိမသာတစ်ဖုံဖြင့် လိုက်ချောင်းနေတတ်သည့် Byun BaekHyun ကို စိတ်လည်းညစ်လှပါသည်။ တွယ်ကပ်နေသည့် ယောက်ကျာ်းမိန်းမ မရွေးရှိတတ်ပေမယ့် ဒီကောင်လေးကဲ့သို့ကလေးလိုလို အပြုအမူမျိုးဘယ်သူကမှ မလုပ်ဖူးပေ။ရံဖန်ရံခါ Chanyeol ကိုယ်တိုင် ကားမောင်းလာသည့်နေ့မျိုးတွင် အိမ်ပြန်ချိန်၌ စတော်ဘယ်ရီနို့ဘူးလေး ကဒ်လိုက် လာထားတတ် သေးသည်။ အနီးနားတွင် အမှိုက်ပုံးမတွေ့သည်က တစ်ကြောင်း သက်သက်သွားလွှင့်ပစ်ဖို့အာရုံမလာသည်ကတစ်ကြောင်း ကားပေါ်ပါလာတတ်သည်တွင် နောက်ဆုံးမတော့ Aeri လက်ချက်နှင့်တွေ့စမြဲ။ ထိုစတော်ဘယ်ရီနို့ဘူးကို Aeri က စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်သည်မို့ Byun BaekHyun သည် Chanyeol အတွက်ပေးသည်လား Aeri အတွက်ပေးသည်လားတောင် မသဲကွဲတော့ပေ။
"ကိုကို--အတူ ထိုင်မယ်နော်."
ပြောပြောဆိုဆို ဘားကောင်တာရှေ့က Chanyeol ဘေးတွင် စွေ့ခနဲဝင်ထိုင်လိုက်သည်။ယမကာနံ့ကသင်းခနဲ။
"သူငယ်ချင်းတွေလား မိတ်ဆက်ပေးဦးလေ."
Chen နှင့် KyungSoo ကတော့ မှုန်တေတေဖြင့် Chanyeol ကိုကြည့်ကာ စနောက်ချင်ကြသေးသည်။ KyungSoo က Chen အနားကပ်လျက်တီးတိုးဆိုရင်းနှစ်ယောက်သား တွတ်ထိုးနေကြသည်။
"ငါ့သူငယ်ချင်းတွေ မင်းနဲ့မိတ်ဆက်ပေးစရာအကြောင်းရှိလို့လား.။ကိုယ့်နေရာကိုယ် အေးဆေးပြန်ပါ Byun BaekHyun"
"ရော် တွေ့လို့ကိုကို့အနားလာတာ ပြန်စရာလားလို့.။သိလား ကျွန်တော်က တစ်ယောက်ထဲလာတာ။"
ဘားကောင်တာပေါ် တံတောင်ဆစ်တစ်ဖက်ထောက်လျက် ခေါင်းကိုပြန်မှီကာ Chanyeol ကို မှေးစင်းစင်းကြည့်နေပုံသည် တကယ့်ကိုလူမိုက်သွေးအပြည့်ဖြင့်ဖြစ်သည်။လူကြည့်တော့ သေးသေးကွေးကွေး။မျက်လုံးတို့သည် ပွင့်တောင်မပွင့်ချင် တော့သည့်အနေအထားတွင် ထိုကောင်လေးက မျက်လုံးတွေမှိတ်ကာရယ်ပြလာသေးသည်။
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။