Chapter-19
ရေချိုးခန်းထဲတွင် ခုံလေးချကာ Aeri ကိုထိုင်စေပြီး BaekHyun က ခြေချောင်းလေးတွေကို ဇလုံငယ်ထဲထည့်ကာ ပွတ်ဆေးပေး နေသည်။
"BaekHyunee နေမကောင်းဘူးဆို.မလုပ်ပါနဲ့ဆို-"
"တစ်နေ့လုံး နားလိုက်တာသက်သာသွားပြီ Aeri ရဲ့..ဘာမှမဖြစ်တော့ဘူးနော်."
"အင့် ဒါနဲ့ ဘာလို့နေမကောင်းဖြစ်သွားတာလဲဟင်.အအေးပတ်လို့လား"
"Aeri ဖေဖေကြောင့်လေ ကိုကိုလေးက ပင်ပန်းသွားတာ."
စကားကိုဖြတ်ခနဲဆိုလိုက်မိပြီးမှ ပါးစပ်မြန်မြန်ပြန်ပိတ်ရင်း Aeri ကိုမော့ကြည့်လိုက်ရသည်။ သူ ကလေးကို ဘာတွေ ပြောမိမှန်းမသိပါဘူး။Aeri က နားမလည်သည်မို့တော်သေး၏ ။ Aeri က ခြေထောက်ဆေးပေးတာခံယူနေရင်း မျက်လုံးလေး တွေစင်းလာနေသည်။
"ငါတို့ Aeri လေးအိပ်ချင်နေပြီထင်တယ်. လာ-"
Aeri ကခေါင်းလေးတဆတ်ဆတ်ညိတ်သည်။ ခုံပေါ်ကနေ သူမလေးကိုလှမ်းပွေ့ချီလိုက်ရင်း အိပ်ရာထက် သာသာလေး ချပေးလိုက်ရသည်။ Aeri တောင် ညစာ စားပြီးလို့ အိပ်တော့မည့်အချိန်ရောက်နေပြီ။ Chanyeol ကပြန်မလာသေး။ တစ်နေ့လုံးလည်းဖုန်းမဆက်သလို သူအလုပ်များနေမှာစိုး၍ BaekHyun လည်းဖုန်းမဆက်ဘဲ Message လေးတွေသာ ပို့ထား လိုက်သည်။
"Good Night Aeri."
Aeri နဖူးလေးကိုနမ်းကာ စောင်လွှမ်းပေးလိုက်ရင်း ညအိပ်မီးလေးပါ တစ်ပါးတည်းဖွင့်ပေးလိုက်ပြီးမှ အခန်းထဲက ထွက်လာခဲ့ လိုက်သည်။ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်လာရင်း ဖုန်းကိုကောက်ကိုင်တော့လည်း မည်သည့် Message မှမရှိသလို အဝင်ကောလ်တွေလည်းမရှိ။ ဖုန်း မျက်နှာပြင်ကိုကြည့်ရင်း တုန်ခါလာမှုကြောင့်ရုတ်တရက်ဝမ်းသာသွားပေမယ့် ခေါ်ဆိုလာသူ က Chanyeol မဟုတ်.။
# Yura ပြော-#
* BaekHyunee .ငါ လမ်းမှာကားပျက်နေတာ မှောင်လည်းမှောင်နေတယ်။ အိမ်ကိုဖုန်းဆက်တာလည်းမရဘူး။ *
#yah ဒီအချိန်ကြီး အပြင်မှာ နင်က ဘာလုပ်နေတာလဲ ပြော ဘယ်မှာလဲ ခု-#
Yura အသံကတုန်ယင်နေသည်မို့ BaekHyun လည်းအပေါ်ဝတ်တစ်ထည်ကောက်စွပ်ကာ မြန်မြန်ပဲ ကားမောင်းထွက်လာ ရတော့သည်။ တော်ရုံဆို Yura က မကြောက်တတ်သည့်မိန်းကလေး.။မှောင်လည်းမှောင်နေသည့်နေရာမှာကားကလည်း ပျက်နေဆိုတော့ သူမ လန့်နေသည်ထင်၏။ သူမ ပြောသည့်နေရာက အရမ်းကြီးတော့ မဝေး။ နာရီဝက်ခန့်မျှ မောင်းလာချိန် တွင် ရောက်လာသည်။သူ့ကားမီးရောင်မြင်မှ Yura က ကားထဲကထွက်လာသည်။

YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။