Chapter -15

20.4K 1.9K 58
                                    

Chapter-15

“အဆိုးထဲကအကောင်းတွေပဲ.။တော်သေးလို့ ထိတ်လန့်မှုကြောင့် မင်းခြေထောက်တွေ အလိုအလျောက်တုံ့ပြန်လာတာထင်တယ်။”

KyungSoo က Chanyeol ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးသည်။မနေ့ညက BaekHyun တစ်ညလုံးဖျားနေတာမို့ သူ ဘေးနားကနေ စောင့်အိပ်ပေးရင်း မနက်ကျမှ KyungSoo ကိုဖုန်းဆက်ခေါ်လိုက်ခြင်းဖြစ်သည်။

“ဆေးတွေမှန်မှန်သောက်ဦး။ ခြေထောက်လှုပ်ရှားမှု သေချာလုပ်ပေး။ခုတောင် မင်းလမ်းလျှောက်နိုင်နေပြီပဲ.။ရက်ပိုင်းအတွင်းအကောင်းပကတိဖြစ်သွားမှာ.”

“ဟို BaekHyun-”

“အင်း ခုနကပဲ ဆေးသွင်းထားပေးခဲ့တယ်။သွားကြည့်ရင်ကြည့်လိုက်လေ.။ငါ ပြန်တော့မယ်။ဂျူတီရှိတယ်”

“အင်း ကျေးဇူး KyungSoo. ”

KyungSoo ထွက်သွားပြီးနောက် Chanyeol အောက်ထပ်က အခန်းထဲကထွက်ကာ အပေါ်ထပ်တွင်သိပ်ထားသည့် BaekHyun ရှိရာဆီ တက်လာခဲ့သည်။ ခြေထောက်တွေကောင်းပြီးစိတ်သွားတိုင်းကိုယ်ပါနိုင်တာ သူ အရမ်းးကိုဝမ်းမြောက်ရ၏။ဖွင့်ထား သည့်အခန်းထဲကိုဝင်လာတော့ ကုတင်ပေါ်တွင် Aeri က ပုံ့ပုံ့ကလေးထိုင်နေသည်။

“ဖေဖေ့သမီးလေး ဘာလုပ်နေတာလဲ”

“ရှုးး တိုးတိုး ဖေဖေ။ ခုနကမှ BaekHyunee က ပြန်အိပ်ပျော်သွားတာ.။Aeri က ချွေးသုတ်ပေးနေတာ ။ Aeri တော်တယ်နော် ဖေဖေ.”

မျက်နှာလေးပင့်လျက် ပြောလာသည့် Aeri က ချစ်စဖွယ်ကောင်းလွန်းသည်မို့ သမီး၏ ပါးလေးကို နင့်နင့်နဲနဲနမ်းမွှေးပေးလိုက် သည်။သမီးက BaekHyun ကိုတော်တော်လေး ခင်တွယ်နေသည်ပဲ။

“ကဲ Aeri လေးက ဘွားလေးကို ကျောင်းသွားဖို့ပြင်ခိုင်းတော့နော်.ကျောင်းချိန်နီးနေပြီမလား။”

“ဟုတ်ကဲ့ဖေဖေ။ အာ ဖေဖေ. လမ်းလျှောက်နိုင်လာတာ Aeri အရမ်းပျော်တယ်။ချစ်တယ်ဖေဖေ.”

အိပ်ရာပေါ်တွင် ဒူးလေးထောက်လျက် Aeri က Chanyeol လည်ပင်းကိုတွယ်ဖက်လာရင်း ပါးကို တဖွဖွနမ်းလာသေးသည်။ ပြီးမှ အိပ်ရာပေါ်က တရွေ့ရွေ့ဆင်းသွား၏။ငယ်သေးပေမယ့်လူကြီးလေးလိုလည်း ရံဖန်ရံခါလည်းပြုမူတတ်သည်။ သမီးထွက်သွားတော့မှ Aeri ထိုင်ခဲ့သည့်နေရာလေးမှာပြောင်းထိုင်လိုက်သည်။ဖြူဖျော့ဖျော့လေး အိပ်ပျော်နေသော BaekHyun နဖူးစပ်က ဆံစတို့ကို သာသာလေးပွတ်သုတ်ပေးမိသည်။

ကိုကို့အရှင်သခင်Where stories live. Discover now