အပိုင်း~~~၁

1.1K 60 10
                                    

ကျွန်တော့်နာမည်ကPlanပါ ကျောင်းပြီးသွားပေမဲ့
အိမ်ကဘာမှမလုပ်ခိုင်းလို့ တချိန်လုံးအိမ်မှာထိုင်ပြီး ဂိမ်းပဲထိုင်ဆော့နေတဲ့သူတယောက်😁
အချစ်ဆိုတာကိုမပြောနဲ့ရင်ခုန်တာတောင်မသိတဲ့
ကျွန်တော်... ခုတော့ ရင်ခုန်တတ်ခဲ့သလို ချစ်လဲချစ်တတ်ခဲ့ပါပြီ❤❤

သင်္ကြန်ကိုမကြိုက်တဲ့ကျွန်တော်နဲ့သင်္ကြန်ကိုချစ်တဲ့သူနဲ့
ဆုံတွေ့ခဲ့ကြလို့ခုဆိုကျွန်တော်သင်္ကြန်ကိုလဲ
ချစ်တတ်နေပါပြီကျွန်တော်တို့ ဇာတ်လမ်းလေးက ဒီလိုလေး.....💙💚

💦💦သင်္ကြန်အကြိုနေ့

P'Ohm--Planလေး ထတော့ ထတော့လို့
ဒီနေ့သင်္ကြန်အကြိုနေ့လေကွာ မကြီးတို့နဲ့အတူတူ မဏ္ဍာပ်မှာရေသွားဆော့ရအောင်လို့နော်
ထ ထ ထပါဆို

P'Taw--ဟုတ်တယ်Planလေးရဲ့ သူများတွေတောင်
သွားဆော့နေပြီ မလတ်တို့ကမောင်လေးကို
စောင့်နေကြတာ ထ ထ

P'Prim--Plan နင်ထမှာလား မထဘူးလား ငါစိတ်မရှည်တာ နင်သိတယ်နော် တနေ့တနေ့ အိမ်ထဲမှာပဲနေပြီးဂိမ်းပဲဆော့နေတာ
ဘာမှအပြင်ဗဟုသုတကိုမရှိဘူး နင့်လိုမျိုးအရွယ်ဆို
သူများတွေရည်းစားတွေတောင်ရလို့မင်ဂါတောင်
ဆောင်ကုန်ပြီ နင့်မှာတော့ ခုချိန်ထိဘာမှဖြစ်မြောက်တာ
မရှိဘူး ခု ထတော့😡

Plan--ထပြီ ထပြီ မလိုက်ချင်ပါဘူးဆို အတင်းခေါ်နေကြတယ် နေကပူ ရေကစို အရမ်းစိတ်ညစ်ဖို့ကောင်းတဲ့ဟာကို ပြီးတော့
ကျောင်းပြီးလို့အလုပ်လုပ်မယ်ဆိုတော့
မလုပ်ခိုင်းကြတာ ဘယ်သူတွေလဲ
အိမ်မှာပဲနေပါဆို ကဲ...အိမ်မှာနေပြီး အခုဂိမ်းဆော့နေတော့လဲ ဆော့ပြန်ပြီတဲ့ ရည်းစားထားဖို့တော့ပြောနေပြီး တကယ်တမ်း
ကောင်မလေးတွေလာကပ်ရင် မျက်စောင်းတွေ
လှိမ့်ထိုးနေကြတာကရော ဘယ်သူတွေလဲ ပြီးတော့ရည်းစားထားဖို့လဲစိတ်မဝင်စားဘူး
ခုလဲ အိမ်မှာအေးဆေးဂိမ်းကစားတာတောင် ပိုကောင်းသေးတယ် ကိုယ့်မောင်လေးအိမ်မှာ
အေးဆေးနေတာကို မမြင်ချင်ကြဘူးပဲ😏

P'Prim--ဘာမှအပိုတွေပြောမနေနဲ့ ခုချက်ချင်းထ
နင့်ကို ၁၅မိနစ်အချိန်ပေးမယ် အမြန်လုပ်လာခဲ့ ဒါပဲ

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Donde viven las historias. Descúbrelo ahora