ချစ်သူနှစ်ဦးကြည်ကြည်နူးနူး စကားတွေဆိုရင်း မောင်းလာလိုက်တာ မကြာခင်ပဲPondတို့အိမ်ကို
ရောက်လာခဲ့တယ် သူတို့နှစ်ယောက်ကတော့ လောလောဆယ်လူမသိအောင် နေကြရအောင်လို့ တိုင်ပင်ထားကြတာမို့ ကားပေါ်ကဆင်းတော့
လက်တွေမတွဲထားကြတော့ပါဘူးPond—Mean ကြာလိုက်တာကွာ ငါတောင်
ခုပဲမင်းကိုဖုန်းဆက်တော့မလို့ လက်စသတ်တော့
မင်းက မင်းကလေးကိုသွားခေါ်နေတာကိုးကွ
ငါတို့မှာတော့ စတုဒိသာကျွေးဖို့ပြင်ဆင်လိုက်ရတာ ဖတ်ဖတ်မောလို့ သူကတော့ စောစောစီးစီး သာယာနေလိုက်တာ သိပ်ကောင်းတယ်Mean—ဟား...ငါ့သူငယ်ချင်းတွေက အားကိုးရမှန်းငါသိလို့ပေါ့ကွ ငါ့မွေးနေ့လေးမှာ ငါချစ်တဲ့သူလေးကိုမြင်ချင်လို့ ပြေးရတာလေ😁
ခွင့်လွှတ်ပါသယ်ရင်းရာ အခုဘာလုပ်စရာရှိသေးလဲ ကူပေးမယ်Pond—မလိုတော့ဘူး အားလုံးပြီးပြီ ခုနနေလူများလာရင် ကျွေးလိုက်ရုံပဲ ဟိုမှာမင်းပရိသတ်တွေလဲရောက်နေပြီ
သွားနှုတ်ဆက်လိုက်ဦး သူတို့တွေ
အများကြီးဝိုင်းကူလုပ်ထားပေးကြတာMean—ဟုလား သွားလိုက်ဦးမယ် ဒါနဲ့ကျန်တဲ့ကောင်တွေရော
Pond—ရောက်နေကြပြီ Chamရောပဲ အားလုံးအိမ်ထဲမှာ
Mean—အေးအေး လာ ကလေး ပရိသတ်တွေကို
သွားနှုတ်ဆက်ရအောင် လိုက်ခဲ့Plan—အင်း...ဟာ...လက်ကိုမဆွဲနဲ့လေ
Meanကပြောပြီး Planလက်ကိုလှမ်းဆွဲလိုက်တာမို့ Planကသူ့လက်ကိုပြန်ဆွဲရင်းပြောလိုက်တာပါ
Mean—အော်...မေ့သွားလို့ ဆောရီး😁😁
ပရိသတ်တွေနားရောက်တော့ Meanကို
Happy Birthdayဆိုပြီး ကိတ်ခွဲပေး လက်ဆောင်တွေပေး ဓာတ်ပုံတွေရိုက်ကြနဲ့
တော်တော်လေးကြာသွားတယ် သူတို့တွေကို
Planကတော့ပြုံးပြုံးကြီးထိုင်ကြည့်နေလိုက်တယ်လေ ခုချိန်မှာတော့ သူ့ပရိသတ်တွေနဲ့ ကိုကို့ကို
သဝန်တိုတာလဲမရှိတော့ပါဘူး ဘာလို့ဆို ကိုကိုကျွန်တော့်ကို အရမ်းချစ်တာကိုယုံကြည်နေလို့ပါပဲMean—ခဏလေး ခဏလေး ကျွန်တော့်ကို
ဓာတ်ပုံနဲနဲလောက် ကျွန်တော့်ဖုန်းလေးနဲ့
ရိုက်ပေးလို့ရမလား

YOU ARE READING
💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)
RomanceMean 💙 X Plan 💚 ကိုယ်ချစ်သော2wishလေးကို သင်္ကြန်ဇာတ်လမ်းလေး တပုဒ်အဖြစ်ဖန်တီးကြည့်တာပါလို့ တခါမှFanficမရေးဖူးသလို ဒီသင်္ကြန်ဇာတ်လေးက ပထမဆုံးသောficတပုဒ်ပါ😊😊 ပထမဆုံးရေးသားခြင်းမို့ လိုအပ်ချက်များစွာ အဆင်မပြေမှုများစွာ ရှိနေနိုင်ပါသောကြောင့် သည်းခံပြီး...