💙💚Final💚💙

716 48 6
                                    

မနေ့ညကရေကုန်ရေခမ်းအချစ်တိုက်ပွဲ
ဝင်ထားကြလို့ နှစ်ယောက်လုံး နောက်တနေ့မှာ
စောစောမထနိုင်ခဲ့ကြဘူးလေ အရင်ဆုံး
အိပ်ရာထလာတာကအချစ်တိုက်ပွဲကို
ဦးဆောင်သူဖြစ်တဲ့ Meanပေါ့ အိပ်ရာနိုးလာတော့
ညာလက်တခုလုံးကျဉ်နေလို့ ကြည့်လိုက်တော့ သူ့ရင်ခွင်ထဲမှာနေပြီး သူ့လက်ကိုခေါင်းအုံးလုပ်ပြီး
အိပ်နေတဲ့ သူ့ရဲ့ချစ်ရသူလေး ချစ်ခင်ပွန်းလေး
အိပ်နေတာလေးကကလေးတယောက်လို
အပြစ်ကင်းစင်လွန်းတယ် မနေ့ညကသူ့ရဲ့
အချစ်ကြမ်းမှုကြောင့် ပင်ပန်းစွာနဲ့နှစ်ခြိုက်စွာ
အိပ်ပျော်နေတဲ့သူလေးကိုကြည့်ပြီး
အသဲယားလွန်းလို့ကလေးလေးရဲ့နဖူးလေးကို
ဖွဖွလေးငုံ့နမ်းပြီး ပါးလေးတဖက်ကိုလဲ
ထပ်နမ်းလိုက်တယ် သူနမ်းလိုက်တော့ လူးလွန့်ပြီးတဖက်ကိုစောင်းအိပ်သွားတဲ့သူလေးကို
ကြည့်ပြီး သဘောကျမိပြီး တချက်ရယ်လိုက်ကာ အိပ်ရာမှထလာလိုက်တယ်

Mean--​နေ့လည်တောင်ရောက်နေပြီပဲ ကလေးနိုးလာရင်စားဖို့ ပြင်ဆင်ထားအူးမှပါလေ ငါကလဲဘာမှမချက်တတ်ဘူး ဆိုင်ကနေ
ဖုန်းဆက်မှာလိုက်တာပဲ ပိုကောင်းမယ်ထင်တယ်

Meanတယောက် သူ့ကလေးကြိုက်တတ်တာလေးတွေ
ရွေးပြီး စားစရာတွေမှာယူလိုက်တယ် မကြာခင်ပဲစားစရာတွေ ရောက်ရှိလာပါတယ် အခုချိန်ထိမနိုးသေးတဲ့ကလေးကို.နှိုးဖို့အတွက်
အခန်းထဲဝင်လာခဲ့တယ် သူ့ဘက်ကိုကျောပေးပြီး
အိပ်နေတဲ့ကလေးကို နောက်ကနေသိုင်းဖက်လိုက်ရင်း

Mean--ကလေး ထတော့လေ နေ့လည်တောင်
ရောက်နေပြီလို့ ထတော့လို့ ပြွတ် ထပါတော့ဆို ပြွတ်

အိပ်နေတဲ့သူကို ပုခုံးလေးနမ်းလိုက် ပါးလေးနမ်းလိုက်နဲ့
နှိုးနေတာပါPlanကတော့တကိုယ်လုံး
အားမရှိတော့သလို ပင်ပန်းနေတာမို့ ခုနထဲက နှိုးနေပေမဲ့ အိပ်ရာထဲကမထချင်သေးပါဘူး အဲ့ဒါကို
မသိတဲ့Meanကအနမ်းလေးတွေနဲ့အတင်းနှိုးနေတာပါ

Plan--မထချင်သေးဘူးဆို အိပ်ဦးမှာ

Mean---ထပါကလေးရာ အိပ်ချင်သေးရင်လဲ တခုခုစားပြီးမှ ပြန်အိပ်လေနော် တော်ကြာနေမကောင်းဖြစ်နေမှာစိုးလို့ပါ လာ ထ

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 23, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Donde viven las historias. Descúbrelo ahora