အပိုင်း~~~၁၉

394 37 0
                                    

Planတယောက်အတွေးတွေနဲ့မောင်းလာလိုက်တာ သိပ်မကြာခင်ပဲ P'Chamနဲ့ချိန်းထားတဲ့နေရာကို
ရောက်လာတော့တယ် ကားပါကင်ထိုးပြီး ဆိုင်ထဲကိုဝင်လာလိုက်တယ် ဆိုင်ထဲကို
တချက်လှမ်းကြည့်လိုက်တော့ P'Chamက
အရင်ရောက်နေပါပြီ Planလဲ P'Chamထိုင်နေတဲ့စားပွဲကိုလှမ်းသွားလိုက်ပါတယ်

Plan—P'ရောက်တာကြာပြီလား ကျွန်တော်နည်းနည်းနောက်ကျသွားတယ် ဆောရီးပါဗျ

Cham—နောက်မကျပါဘူး P'ကသာ
စိတ်စောပြီးရောက်နေတာပါ ထိုင်လေ N'အေးဆေးပေါ့

Plan—ဟုတ်P'

စားပွဲထိုးလေးလာတော့ သောက်စရာကော်ဖီတွေမှာလိုက်ကြတယ်

Plan—P' ကျွန်တော့်ကိုတွေ့ဖို့ခေါ်တာ
ဘာပြောချင်လို့လဲပွင့်ပွင့်လင်းလင်းပြောစရာရှိတာ
ပြောပါ အားမနာပါနဲ့

Cham—အင်း..N'ကပွင့်ပွင့်လင်းလင်းပြောဆိုတော့လဲ
P'လဲအားမနာပဲနဲ့ပြောတော့မယ် N'က Meanအကြောင်းကို ဘယ်လောက်သိထားသလဲ

Plan—ဟုတ် ကျွန်တော်အများကြီးတော့မသိပါဘူး
ဒါပေမဲ့ကိုကိုက ကျွန်တော့်ကိုသူ့အကြောင်းတွေ
ပြောပြထားပါတယ် ဘာဖြစ်လို့ပါလဲ P'

Cham—သူ့မှာအရင်ကရည်းစားတွေ
အများကြီးရှိတာရော သေချာသိရဲ့လား သူကချစ်တတ်တဲ့သူမဟုတ်ဘူး အပျော်ပဲတွဲတာ အခုN'ကိုချစ်တယ်ဆိုတာကလဲ အသစ်အဆန်းမို့
ဖြစ်ပါလိမ့်မယ် ကြာလာရင် N'ကိုတခြားသူတွေလိုပဲ ပစ်ချသွားနိုင်တယ်

Plan—ဟုတ် ကိုကိုပြောပြလို့ ကျွန်တော်သိထားပါတယ် ပြီးတော့ အဲ့ဒါတွေက ကျွန်တော်နဲ့မတွေ့ခင်ကကိစ္စတွေမို့ ကျွန်တော့်ခေါင်းထဲ မထည့်ပါဘူး တကယ်လို့ကိုကိုက
ကျွန်တော့်ကိုမချစ်တော့လို့ ငြီးငွေ့သွားလို့ ချန်ထားခဲ့မယ်ဆိုလဲ ကျွန်တော်နေခဲ့မှာပါ
ဒါပေမဲ့ကျွန်တော်ကိုကို့ကိုယုံကြည်တယ် ဒါမျိုးဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး

Cham—N'ကသူနဲ့သိတာသိပ်မကြာသေးသလို သူ့အကြိုက်တွေကို သေချာမသိလို့ပါ ရေရှည်ဆိုရင်N'တို့နှစ်ယောက်ဖြစ်မယ်မထင်ဘူး

Plan—ဟုတ် ကိုကိုနဲ့သိတာသိပ်မကြာသေးသလို ကိုကို့အကြိုက်တွေကိုလဲ ကျွန်တော်သေချာမသိပါဘူး
ဒါပေမဲ့ အဲ့ဒါတွေက ကျွန်တော်တို့နှစ်ယောက်ရဲ့
ခြားနားခြင်းမှ မဟုတ်တာ တယောက်နဲ့တယောက်
အပြန်အလှန် နားလည်မှုတွေနဲ့ လေ့လာလို့ရပါတယ် ရေရှည်ဖြစ်နိုင် မဖြစ်နိုင်ကတော့ အချိန်ကပဲ
ဆုံးဖြတ်ပေးသွားပါလိမ့်မယ်

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Where stories live. Discover now