အပိုင်း~~~၁၇

402 31 0
                                    

စကားတွေအပြန်အလှန်ပြောရင်းနဲ့ ဘုရားကို
ရောက်လာခဲ့ပါပြီ သင်္ကြန်ရက်ဆိုတော့ ဥပုဒ်သည်တွေကလွဲပြီး လူသိပ်မရှိပါဘူးလေ
နှစ်ယောက်သားဘုရားစောင်းတန်းကနေ အတူတူယှဉ်တွဲပြီး လျှောက်လာကြတော့ ဖြတ်သွားတဲ့လူတိုင်းကလည်ပြန်ငေးကာ
လှည့်ကြည့်လှည့်ကြည့်နဲ့ပေါ့ ဖြူသန့်ပြီး
အရမ်းချောနေတဲ့လူငယ်လေးနှစ်ယောက်ကို
တပြိုင်တည်းမြင်ရသလို ပုံစံတူအရောင်ကွဲပဲ
ဝတ်ဆင်ထားကြလို့ ထူးဆန်းပြီးကြည့်နေတာပါ
သူတို့မျက်လုံးတွေကတော့ နှစ်ယောက်လုံး
အရမ်းချောတာပဲဆိုတာကို သူတို့ပါးစပ်ကနေ
ထုတ်ပြောစရာမလိုအောင် မျက်လုံးကစကားတွေ
ပြောသွားကြလေရဲ့ ချစ်သူနှစ်ဦးကတော့ လူတွေကြည့်နေတာကိုသိပေမဲ့လည်း
တယောက်မျက်နှာတယောက်ကြည့်ပြုံးပြီးဘုရားပေါ်
တက်ခဲ့လာကြရင်း ပန်းတွေရောင်းတဲ့နားရောက်တော့

Mean-ကလေး ကိုယ်တို့ပန်းဝယ်ရအောင်လေ

Plan-ဝယ်လေကိုကို ဘာပန်းဝယ်မှာလဲ

Mean-ကြာပန်းပဲဝယ်မယ် ဆုပန်ရင်ကြာပန်းလေးနဲ့
ဆုတောင်းတာပိုပြီးအဓိပ္ပါယ်ရှိတယ်လို့ ကိုယ်တော့ထင်မိတယ် ပြီးတော့ ကြာပန်းဆိုတော့ အတိတ်နဲ့နမိတ်နဲ့ကိုယ်တို့အကြာကြီး
အတူတူရှိနေနိုင်အောင်လို့ပေါ့ မကောင်းဘူးလား

Plan-အဟွင်း...ကိုကို့သဘောလေ ကြာပန်းပဲဝယ်ရအောင်

ကြာပန်းနှစ်စည်းကိုဝယ်ခဲ့ကြပြီး ဘုရားပေါ်ကို
ဆက်တက်လာခဲ့တယ် ဘုရားပေါ်မှာလဲ သူတို့ကိုလူတွေကကွက်ကြည့် ကွက်ကြည့်နဲ့ပါပဲ
တချို့ကတော့Meanကိုမှတ်မိပြီး ဓာတ်ပုံတွေ
လာတွဲရိုက်ကြတယ် လူရှင်းသွားမှ နှစ်ယောက်သားဆီမီးပူဇော် ရေသပ္ပါယ် ဘုရားရှိခိုးကြသလိုကြာပန်းလေးတွေကိုင်ပြီး
ဆုတောင်းကြတယ် ဘုရားရှိခိုးပြီးလို့ ရင်ပြင်ပေါ်လူရှင်းတဲ့နေရာလေးမှာ
ခဏထိုင်ကြရင်း စကားတွေပြောနေကြတယ်

Mean-ကလေး ခုနဘုရားမှာ
ဘာဆုတောင်းလိုက်လဲဟင်

Plan-အာ..ပြောချင်ပါပု သိချင်ရင် ကိုကိုအရင်ပြောပြလေ အဲ့ဒါဆိုကျွန်တော်လဲ
ပြောကြမယ် ဟီး..ဟီး...

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Donde viven las historias. Descúbrelo ahora