အပိုင်း~~~၈

394 34 1
                                    

မလိုက်ချင်ပါဘူးဆိုမှ အတင်းခေါ်နေတဲ့သူကြောင့် နားညည်းသလို စိတ်လဲရှုပ်တာကြောင့် ရေကစားဖို့ထွက်လာခဲ့မိတဲ့Planကလဲ
မဏ္ဍာပ်ပေါ်ရောက်တော့ ထုံးစံအတိုင်းနေရာလွတ်ကို
ရှာရပြန်တာပေါ့လမ်းနဲ့ပိုနီးတဲ့အောက်တဆင့်နိမ့်တဲ့
နေရာမှာလဲလူကအပြည့် သူရပ်နေတဲ့အပေါ်ထပ်မှာလဲ လူကအပြည့်နီးပါးပါပဲ နေရာလွတ်တော့ရှိနေပေမဲ့
မိန်းကလေးတွေကြားထဲမှာပဲနေရာလွတ်ဖြစ်နေတာက
ခက်နေတာ အာ့ဂျောင့်မကစားတော့ပဲအောက်ဘက်
ပြန်ဆင်းမလားလို့ တွေးမိလိုက်ပေမဲ့ သူ့နောက်ကိုလိုက်လာနေတဲ့ Meanကိုလဲတွေ့ရော နားညည်းရအူးမှာသိနေတာကြောင့် မထူးပါဘူးဆိုပြီး ကောင်မလေးတွေကြားထဲဝင်လိုက်ရတော့တယ်

Plan—ဟိုဘက်တိုးပေးလို့ရနိုင်မလား အဆင်ပြေမလားခင်ဗျ

Mint—အော် ဟုတ်ကဲ့ရပါတယ် ရပါတယ် ဝင်ပါ

Plan—ကျေးဇူးပါခင်ဗျ😊😊

Planတယောက် ကောင်မလေးတွေကြားထဲဝင်ပြီး
ရေပက်နေတာကိုလှမ်းတွေ့လိုက်ရတဲ့Meanကတော့ တွေးရင်းလာနေတဲ့ ပုံမှန်ခြေလှမ်းတွေကို နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုတဲ့စကားပုံတိုင်း ကျားလိုက်သလိုမဏ္ဍာပ်ပေါ်အပြေးတက်လာခဲ့တယ်
သူ့ကိုရှောင်ချင်လို့ရယ် နေရာမရတာရယ်ကြောင့် သူ့ကလေးကအဲ့ဒီမှာသွားရပ်တာဆိုပေမဲ့ ဒီကကောင်က ရင်တွေပူနေမိတာမပူပဲနေမလားဗျာ ကလေးဝတ်ထားတာကခြေတချောင်းလုံးတောင်
ပေါ်တော့မဲ့အပြဲဒီဇိုင်းတွေကိုဝတ်ထားတာလေ
အင်္ကျီကလဲရင်ဘတ်ကဟိုက်နေသေးတာ သူ့ကလေးအသားအရည် ဝင်းဝင်းမွတ်မွတ်လေးကို ဘယ်သူမှအကြည့်မခံနိုင်ပါပု အပြေးတက်လာခဲ့ပေမဲ့ မဏ္ဍာပ်ပေါ်ရောက်တော့ အိနြေ္ဒဆယ်ကာ
ကိုယ်ရှိန်သတ်လိုက်ပြီး ကလေးနားလေးကို
သွားနေတဲ့အချိန်မှာ

Cham—Mean ဒီကိုလာခဲ့လေ
ဒီမှာတနေရာလွတ်တယ် လာခဲ့
တခြားနေရာတွေလဲမလွတ်တော့ဘူး ဒီကိုလာခဲ့ လာ

Meanက Planနားကိုသဝန်တိုစိတ်နဲ့သွားနေတဲ့အချိန် သူ့သူငယ်ချင်းမလေးChamကသူ့ကိုမြင်သွားပြီး
လှမ်းဆွဲလိုက်တာပါ ပြောရရင်ChamကMeanနဲ့
ငယ်သူငယ်ချင်းလဲဖြစ် Meanကိုတဖက်သတ်
စိတ်ဝင်စားနေတဲ့သူတယောက်ပါ အဲ့ဒါကိုMeanက
သိပေမဲ့ Chamကိုသူငယ်ချင်းလိုပဲခင်တာမို့
မသိချင်ယောင်ဆောင်နေခဲ့တာပါ Meanထားခဲ့သမျှ
ရည်းစားတိုင်းကိုလဲ အမျိုးမျိုးစိတ်အနှောင့်ယှက်ပေးပြီး
လိုက်ခွဲနေတဲ့သူပေါ့ Meanကလဲအရင်ရည်းစားတွေကို
အပျော်တွဲခဲ့တာကြောင့် Chamကြောင့်မို့ရည်းစားတွေနဲ့
ပြတ်သွားတာကိုသိပေမဲ့ စိတ်မဆိုးမိပါဘူး သူမှမချစ်ခဲ့တာကိုး ခုတော့ ကလေးအနားကို
သွားနေပါတယ်ဆိုမှ Chamကလှမ်းဆွဲကာ
ခေါ်လိုက်တာကြောင့် မျက်နှာကြီးရှုံ့မဲ့သွားရတော့တယ်
ကလေးရပ်နေတဲ့နေရာနဲ့လဲ သိပ်တော့လဲမဝေးပါဘူး
ခုနကကလေး နေရာတောင်းလိုက်တဲ့ကောင်မလေး
တယောက်ပဲခြားနေတာလေးပါ ကိုယ်ကကလေးပဲ
အာရုံစိုက်မိနေတော့ ငယ်သူငယ်ချင်းChanကို မမြင်မိတဲ့အဖြစ် ဒီတကြိမ်တော့ ငါနင့်ကိုစိတ်တိုမိတယ်Chamရေ😤😤😡😡

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Onde histórias criam vida. Descubra agora