အခန်းထဲဝင်လာကြတဲ့Meanနဲ့Planတို့ကတော့ အခန်းထဲကိုရောက်တာနဲ့တံခါးပိတ်လိုက်ပြီး MeanကPlanကို ဆွဲဖက်လိုက်တော့တယ်
Mean—အား...ဒီကိုယ်လုံးလေးကိုလွမ်းနေတာ မနေ့ကလဲ မဖက်ရဘူး ဒီမနက်လဲမဖက်ရသေးဘူး ခုမှဖက်ခွင့်ရတာ အရမ်းချစ်တာပဲကွာ ပြွတ် ပြွတ်
Meanကဖက်ထားရတာအပြင်အားမရတော့လို့ Planပါးလေးကိုဘယ်ပြန်ညာပြန်နမ်းပစ်လိုက်တာပါ
Plan—ကိုကိုကသာပျော်နေပါ ကျွန်တော်ကတော့
ခုထိရင်တုန်နေတုန်းပဲ ကျွန်တော့်ကိုသဘောကျမှ
ကျပါ့မလား ပြီးတော့ အန်တီတို့များ
ရိပ်မိသွားလားဆိုပြီးတော့လေMeanကPlanလေးကိုရင်ခွက်ထဲဖက်ထားလိုက်ရင်း
Mean—ဘာတွေစိတ်ပူနေတာလဲအသဲလေးရာ ခုဆိုမေမေတို့ကလဲ ကလေးကိုချစ်ကြတာပဲလေ သိသွားတော့ရောဘာဖြစ်သလဲ ကိုယ်ကတခါတည်း ဒါကျွန်တော့်ချစ်သူပါလို့ပြောချင်တာ
ကလေးကမပြောပါနဲ့ဦးဆိုလို့နော်Plan—အခုချစ်ကြတာက ကိုကို့သူငယ်ချင်းမို့
ချစ်ကြတာလေ ချစ်သူကောင်လေးလိုသာဆို ဒီလိုချစ်ပေးကြပါ့မလားMean—မဖြစ်သေးတာကိုတွေးပူမနေပါနဲ့ကွာ ကိုယ်တယောက်လုံး ရှိပါတယ်ကလေးရာ ကိုယ့်ချစ်သူလေးက ဒီလောက်ချစ်ဖို့ကောင်းတာ ဘယ်သူမှမချစ်ပဲနဲ့မနေနိုင်ပါဘူးကွ
ကဲပါ...ပူမနေပါနဲ့တော့ လာ လာ အစောကြီးထထားရတာမလား
ကိုယ့်ရင်ခွင်ထဲမှာ ခဏလာနားလိုက် လာ လာMeanကပြောလဲပြော Planကိုပွေ့ဖက်ထားရင်းပဲ အိပ်ရာဆီကို လှမ်းသွားလိုက်တယ် နှစ်ယောက်သားအိပ်ရာပေါ်မှာ လဲအိပ်လိုက်ကြတယ် Planကတော့Meanရင်ခွင်လေးထဲမှာပေါ့
MeanကPlanကိုထွေးဖက်ထားသလို PlanကလဲMeanကို ပြန်ဖက်ထားလိုက်တယ်
Meanက Planနဖူးလေးကိုတချက်နမ်းရင်းMean—ဘာမှမတွေးနဲ့တော့ ခဏအနားယူလိုက်ဦး ဟုတ်ပြီလား ခုနနေဆို ထမင်းစားဖို့လာခေါ်ကြလိမ့်မယ်
Plan—ဟုတ်ကိုကို
နှစ်ယောက်သားဘာစကားမှမပြောတော့ပဲ တယောက်နဲ့တယောက် ဖက်ထားရင်း အနားယူနေလိုက်ကြတော့တယ် နောက်တနာရီလောက်ကြာတဲ့အခါမှာတော့...
CZYTASZ
💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)
RomansMean 💙 X Plan 💚 ကိုယ်ချစ်သော2wishလေးကို သင်္ကြန်ဇာတ်လမ်းလေး တပုဒ်အဖြစ်ဖန်တီးကြည့်တာပါလို့ တခါမှFanficမရေးဖူးသလို ဒီသင်္ကြန်ဇာတ်လေးက ပထမဆုံးသောficတပုဒ်ပါ😊😊 ပထမဆုံးရေးသားခြင်းမို့ လိုအပ်ချက်များစွာ အဆင်မပြေမှုများစွာ ရှိနေနိုင်ပါသောကြောင့် သည်းခံပြီး...