အပိုင်း~~~၎

432 40 3
                                    

💦💦သင်္ကြန်အကျနေ့

Plan—ဝါး....

Planတယောက် ဒီမနက်အိပ်ရာအစောကြီး
နိုးနေခဲ့တာလေ လူကအိပ်ချင်နေသေးပေမဲ့ စိတ်ကတော့အိပ်လို့မရတော့ဘူး
မနေ့ညကအဖြစ်ပျက်တွေရယ်  ဟိုလူကြီးရဲ့
ဇွတ်ကတိကို ကတိပေးထားတာရယ်ကြောင့် ဆက်အိပ်လို့မရတော့တာပါ
အိပ်မရတဲ့အတူတူတော့ မထူးပါဘူးဆိုပြီး
အိမ်အောက်က ထမင်းစားခန်းထဲကို
တဝါးဝါးသမ်းရင်း ဝင်လာခဲ့တယ်

P'Taw—အမလေး မကြီးရေ ဒီနေ့ထီထိုးရတော့မယ်ထင်တယ်
ကိုယ်တော်လေးက အစောကြီးမထစဖူး
ထလာတယ်တော့

P'Ohm—ဟယ် ဟုတ်ပါ့ ဟုတ်ပါ့ ထူးထူးဆန်းဆန်းပါလားကွယ်

Plan—ဟာဗျာ..မကြီးတို့ကလဲ တခါတလေအစောကြီးထတဲ့နေ့လဲ ရှိပါတယ်ဗျာ ဘာလို့အထူးအဆန်းလုပ်နေကြတာလဲဗျ
ဘာလဲ အခန်းထဲဝင်ပြီးပြန်သွားအိပ်ပေးရမှာလား😤

P'Ohm—ဟား...မောင်လေးရယ် မကြီးတို့ကချစ်လို့စတာပါကွယ် ဒါပေမဲ့ ငါ့မောင်ကရော ဘယ်နေ့တုန်းက အစ်မတွေမနှိုးပဲနဲ့ ထလာတာရှိလို့လဲ ဘာကိစ္စရှိရှိ ဒီအစ်မတွေကပဲ အလည့်ကျ
နှိုးလာခဲ့ရတာမဟုတ်ဘူးလား ဒီနေ့ကျမှထူးဆန်းနေလို့ပါဟယ်😂

Plan—မသိတော့ဘူးဗျာ ဗိုက်ဆာတယ်😤

မကြီးပြောတာဟုတ်တော့လဲ ဟုတ်ပါတယ်လေ ကျွန်တော့်ဘဝမှာအစ်မတွေရဲ့ဂရုစိုက်မှုအောက်မှာပဲ
ကြီးပြင်းလာခဲ့ရတာပါ မိဘတွေလက်ထက်က စီးပွားရေးတွေကို ဒီအစ်မ၃ယောက်ကပဲ
အစစအရာရာဦးဆောင်လာကြတာမို့ ဘာမှလိုလေသေးမရှိ အဲ့ဒါကြောင့် ကျွန်တော့်ကိုအလုပ်မလုပ်ခိုင်းကြတာလေ
ကျွန်တော်လဲကလေးတယောက်လိုဆိုးနွဲ့နေရင်းနဲ့
နေလာခဲ့တာပေါ့ အမြဲတမ်းအစ်မတွေလာနှိုးမှထနေကြမို့ မကြီးတို့ကထူးဆန်းနေတာ အဲ့ဒါအားလုံးက ဟိုလူကြီးကြောင့် သူတရားခံပဲ သူကြောင့်မို့ ကျွန်တော့်ကမ္ဘာကြီးမှာပြောင်းလဲမှုတွေရှိလာတာ☹
မကြီးလုပ်ပေးတဲ့မနက်စာကို အတွေးပေါင်းများစွာနဲ့စားနေတုန်း

P'Prim—ဟယ် Plan ထူးထူးခြားခြားပါလားဟ ငါ့ထက်တောင် အစောကြီးနိုးနေတယ်ရော မကြီးရေ ဒီနေ့ဘာနေ့မို့လို့လဲ😂😂

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Dove le storie prendono vita. Scoprilo ora