အပိုင်း~~~၇

405 38 3
                                    

Meanနဲ့Planတို့ရဲ့ဖက်လိုက် ဖယ်လိုက်ဖြစ်နေတာကို
Planတို့ပြန်လာကြမလားဆိုပြီး ဥယျာဉ်ဘက်ကို
လှမ်းမျှော်ကြည့်နေကြတဲ့Planရဲ့အစ်မတွေက လှမ်းမြင်ပြီး

P'Ohm—ဟဲ့ မလတ်နဲ့အငယ်မ ငါတို့မောင်လေးနဲ့
N'Meanကအရမ်းရင်းနှီးနေကြသလိုပဲနော် ခုမှစသိတဲ့သူငယ်ချင်းတွေနဲ့လဲသိပ်မတူဘူး ငယ်ပေါင်းကြီးဖော်တွေလိုပဲနော် နင်တို့ရော
ဘယ်လိုထင်လဲ

P'Taw—ဟုတ်ပါ့နော် မကြီး သူတို့နှစ်ယောက်ကို
ကြည့်ရတာခုမှစခင်ကြပေမဲ့ တော်တော်ရင်းနှီးနေတဲ့ပုံ မြင်ရတဲ့အတိုင်းကတော့ Planလေးကပဲ N'Meanကိုနိုင်စားနေတဲ့ပုံပဲ အားနာစရာကြီးရယ်

P'Prim—မကြီးတို့ကလဲ ဒိတ်အောက်လိုက်တာ ခုခေတ်ကအာ့လိုပဲယောက်ျားလေးတွေက
တထိုင်တည်းလဲ ငယ်ပေါင်းကြီးဖော်လို
ခင်သွားကြတာပဲလေ Primကတော့ သူတို့အာ့လိုခင်တာကို သဘောကျတယ် Planကလဲတချိန်လုံးအိမ်မှာပဲနေတော့
အရင်ကအပေါင်းအသင်းတွေနဲ့အဆက်သွယ်
ပြတ်နေပြီလေခုလိုပျော်ပျော်နေတတ်တဲ့Meanနဲ့
ခင်မင်ခွင့်ရတာ သူအရမ်းကိုကံကောင်းတာပေါ့မကြီးရဲ့ Meanကနာမည်ကြီးတယောက်နော်
ဒီလိုခင်မင်ခွင့်ရဖို့ဆိုတာက လွယ်တာမဟုတ်ဘူးလေ😁
Planကသူ့ထက်လဲငယ်တော့ညီငယ်တယောက်လို
ခင်မင်လို့အလျော့ပေးပေါင်းတာပဲဖြစ်မှာပေါ့လို့

သူတို့မောင်လေးPlanကို သူတို့သဘောကျတဲ့
မင်းသားကချစ်စကားတွေအတင်းပြော အိပ်ခန်းထဲထိဝင် ပါးတွေကိုဇွတ်အတင်းနမ်းသွားတာတွေကို မသိကြသေးသော Planရဲ့ချစ်စဖွယ်အစ်မတွေကတော့ နာမည်ကြီးမင်းသားလေးနဲ့သူတို့ရဲ့ချစ်စရာမောင်လေးတို့ အရမ်းခင်မင်ရင်းနှီးနေကြတာကို ကြည့်ပြီး
ကြည်နူးနေကြလေရဲ့ တကယ့်အဖြစ်မှန်ကိုသာသိရင်😁

မကြီးတို့ဆီပြန်လာနေကြတဲ့ Meanနဲ့Planတို့
နှစ်ယောက်မှာလဲဖက်လိုက်နဲ့ဖယ်လိုက်နဲ့ရန်ဖြစ်လိုက်နဲ့ပဲ စားပွဲနားကိုရောက်လာပါတော့တယ်

P'Ohm—ဘယ်လိုလဲ ကိုယ်တော်လေး စိတ်ကောက်ပြေပြီလားထမင်းမစားပဲနဲ့ကောက်တော့ ဗိုက်ဆာလာပြီမလား လာ လာ ဒီမှာလာထိုင်စားချည် မကြီးပြင်ထားပြီးစောင့်နေတာ

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Opowieści tętniące życiem. Odkryj je teraz