Meanလဲပျော်ရွှင်ကြည်နူးစွာနဲ့Planကို
ဖုန်းခေါ်လိုက်တော့တယ် ဖုန်းဝင်သွားတာနဲ့ Planကလဲချက်ချင်းပဲကိုင်လိုက်တယ်Mean---ကလေး ကိုယ်တို့နှစ်ယောက်ကိုလေ
မေမေတို့ကလေ သဘောတူတယ်တဲ့Plan---ဟာ....တ...တ..တကယ်ပြောတာလားကိုကို
ကျွန်တော့်ကိုမစနဲ့နော် ဒါစ စရာမဟုတ်ဘူးMean--တကယ်ပြောတာ စနေတာမဟုတ်ဘူး ဖေဖေရော မေမေရောက ကလေးနဲ့
သဘောတူပါတယ်တဲ့ ကိုယ်ဖြင့် ဝမ်းသာလွန်းလို့
မျက်ရည်တောင်ကျတယ် ပျော်လိုက်တာ
ဘယ်လိုပျော်မှန်းလဲတောင်ကိုယ်မပြောပြတတ်ဘူးPlan--ဒါ...ဒါဆို တကယ်ကြီးပေါ့ ဟုတ်လား ဝမ်းသာလိုက်တာ ကိုကိုရာ ဝမ်းသာလိုက်တာ ဟီး..ဟီး...ဟီး...😭😭
Planတယောက် Meanပြောပြလို့
သူ့မိဘတွေသဘောတူတယ်လဲကြားရော
ဝမ်းသာလွန်းလို့ တဟီးဟီးနဲ့ငိုနေတော့တာပေါ့Mean---ရော် ဝမ်းသာတယ်ပြောပြီး ငိုနေပြန်ပါပြီ အဟင်း... ကိုယ်လဲခုနကအာ့လိုငိုလိုက်ရတာပဲ တိတ်ပါကလေးရယ် အရမ်းငိုရင်ခေါင်းကိုက်နေလိမ့်မယ် မငိုနဲ့နော် ဟုတ်ပြီလား
Meanကချော့နေပေမဲ့ တဖက်ကPlanလေးကတော့
ငိုရှိုက်လို့ကောင်းတုန်း Planဝမ်းသာပြီးငိုနေတာကို
သိလို့ Meanကလဲ သူ့ကလေး အငိုတိတ်တဲ့အထိ ဘာမှမပြောပဲ စိတ်ရှည်စွာစောင့်နေလိုက်တယ်
နားထဲမယ် ကလေးရဲ့ငိုရှိုက်သံလေးတွေကလဲ
နားထောင်ကောင်းနေတော့တာ အခုလိုငိုတာက ပျော်လို့ငိုတာသိတော့ ကလေးရဲ့ငိုသံလေးက
သီချင်းသံစဉ်လေးတွေလို့တောင် ထင်မှတ်မိတယ်
Planလဲအတော်ကြာငိုရှိုက်ပြီးတော့ ရှိုက်သံတွေစဲလာတယ် Meanကတော့ Planအငိုတိတ်လာပြီမှန်းသိလို့Mean---ကဲ...ကိုယ်တော်လေး ငိုလို့အားရပြီလား
အရမ်းမငိုနဲ့တော့နော် ညအိပ်ခါနီး
ခေါင်းကိုက်နေလိမ့်မယ်သိလားPlan---ကျွန်တော်လဲမငိုချင်ပါဘူး
သူ့ဟာသူငိုတာကြီးကို တကယ်ပဲကျွန်တော်တို့ကို
သဘောတူသွားပြီပေါ့နော် အိမ်မက်မက်နေသလိုမျိုး ခံစားနေရတယ်Mean---အိမ်မက်မဟုတ်ပါဘူးကွ တကယ်အဖြစ်အပျက်ပါ ကလေးစိတ်ပူနေတာတွေ
လျော့သွားပါပြီ ကိုယ်လဲကလေးလိုပဲ ဖေဖေတို့ရှေ့မှာ
ငိုနေမိသေးတာ တကယ်ပျော်တယ်ကလေးရာ
STAI LEGGENDO
💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)
Storie d'amoreMean 💙 X Plan 💚 ကိုယ်ချစ်သော2wishလေးကို သင်္ကြန်ဇာတ်လမ်းလေး တပုဒ်အဖြစ်ဖန်တီးကြည့်တာပါလို့ တခါမှFanficမရေးဖူးသလို ဒီသင်္ကြန်ဇာတ်လေးက ပထမဆုံးသောficတပုဒ်ပါ😊😊 ပထမဆုံးရေးသားခြင်းမို့ လိုအပ်ချက်များစွာ အဆင်မပြေမှုများစွာ ရှိနေနိုင်ပါသောကြောင့် သည်းခံပြီး...