အပိုင်း~~~၉

409 36 2
                                    

Meanတယောက်ကတော့ ကားမောင်းလာခဲ့ရင်းနဲ့
မနက်ဖြန်ကလေးနဲ့အတူတူလည်ရမှာကိုတွေးရင်း
အပျော်ကြီးပျော်နေတော့တာ ပြီးတော့
မကြီးတို့ကို နည်းနည်းလေးမုသားသုံးလိုက်ရတာ တကယ်ကိုအားနာမိတာပါ ဒါပေမဲ့လဲ ဖြစ်ချင်တာလေးဖြစ်လာရတော့ပျော်တာပေါ့
အတွေးတွေအပျော်တွေနဲ့မောင်းလာလိုက်တာ
Chamတို့အိမ်ကိုရောက်မှန်းမသိရောက်လာတော့တယ်
သူ့အဖြစ်ကိုသူ့ဟာသူတွေးကြည်ကြည်နူးနူးလေး
ပြုံးမိရင်း ပါးစပ်ကလဲတိုးတိုးလေး
ရေရွတ်လိုက်မိတော့တယ်.......

Mean—ဟား....Mean Mean မင်းတော့ရူးနေပြီပဲ
မင်းကတော့ တကယ်ကိုအချစ်ရူးရူးသွားပြီပဲကွ😂
ကလေးအကြောင်းတွေးနေမိရင် ပါးစပ်က
အလိုလိုပြုံးနေမိတာ😁 ကလေးလေးရေ့......... အရမ်းချစ်တာပဲ💙💙💙💙

Chamအိမ်ရှေ့မှာကားရပ်ကာ အိမ်ထဲကိုအာပြဲကြီးနဲ့
ဝင်လာခဲ့တယ်ဒီအိမ်ကMeanရဲ့စားအိမ်သောက်အိမ်
တခုလိုပါပဲ Chamမေမေက Meanကို
အရမ်းချစ်တာလေ Meanကြိုက်တာတွေကိုလဲ ခဏခဏလုပ်ကျွးတတ်တဲ့သူပါ ခုလဲနိုင်ငံခြားမှာ
ကျောင်းတက်နေတဲ့သူ့ကို မြန်မာမုန့်တွေလုပ်ထားပြီး ခေါ်ကျွေးတာပါ သူကလဲအစားဆိုဖြစ်တယ်လေ

Mean—Chamရေ...Cham....အန်တီရေ...အန်တီ
ကျွန်တော်ရောက်ပါပြီ မုန့်စားဖို့အသင့်ပါ😁😁

Cham'mom—သားရောက်လာပြီလား သားလာမယ်ဆိုလို့ အန်တီကအဆင်သင့်ကို
ပြင်ထားပြီသားပါ လာ လာ သား
ထမင်းစားခန်းသွားရအောင် Chamတောင်စားနေပြီ

Mean—ဟုတ် အန်တီ သားလဲဗိုက်ဆာနေပြီ😁😁

Cham—နင်ကလဲကြာလိုက်တာ နင့်ကိုစောင့်ရင်းဗိုက်ဆာလို့ ခုပဲငါစားနေတာ😁
လာ ထိုင် အားမနာနဲ့စား

Mean—လမ်းမှာကားပိတ်နေလို့ပါဟာ အားနာမနေပါဘူး
ငါကဘယ်တုန်းကအားနာဖူးလို့လဲ😁😁😁

Cham'mom—ရော့ သားရေ လိုတာထည့်စားနော်
သားအကြိုက်ပဲမလား သားကြိုက်မှန်းသိလို့ချက်ထားတာ စား စား

Mean—ဟုတ် အန်တီ စားမှာ စားမှာ ကျေးဇူးပဲနော်အန်တီ

MeanလဲChamတို့အိမ်မှာကြာဇံဟင်းခါးစား စကားတွေပြောကြနဲ့ ညအတော်လေး
မိုးချုပ်လာတော့တယ် စကားကောင်းနေပေမဲ့
သူ့ကလေးကိုဖုန်းဆက်ရဦးမှာကိုသတိရနေမိတဲ့
Meanကတော့ ဖင်တကြွကြွဖြစ်နေပြီလေ သူ့ပုံစံကိုကြည့်နေတဲ့Chamက

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Donde viven las historias. Descúbrelo ahora