အပိုင်း~~~၁၁

417 32 5
                                    

အိမ်မက်အကြောင်းတွေပြောပြီး ကိုယ်စီအတွေးတွေနဲ့
ရှိနေကြတဲ့Meanနဲ့Planတို့ရဲ့ကားလေးကလဲ မကြာမီMeanရဲ့သူငယ်ချင်း Pondတို့အိမ်ကို
ရောက်လာခဲ့တော့တယ် Pondတို့အိမ်ရှေ့မှာ
အတူတူလည်မဲ့ တခြားသူငယ်ချင်း၅ယောက်လဲ
ရောက်နေကြပါပြီနှစ်ယောက်သားကားပေါ်ကဆင်းပြီး Pondအိမ်ရှေ့ကသင်္ကြန်လည်မဲ့4wheelsကားဆီကို
လျှောက်လာခဲ့ကြတယ်မဏ္ဍာပ်မှာတော့စောနေသေးလို့ လူသိပ်မရှိသေးတော့အေးဆေးပေါ့

Mark-ဟေ့ကောင်ကြီး မတွေ့တာကြာပြီနော် မင်းပြန်လာတာကိုသိပေမဲ့ ငါလဲအလုပ်မအားလို့
မင်းနဲ့မဆုံရသေးဘူး သတိရတယ်ကွ

Mean-အေးပါကွ ငါနားလည်ပါတယ်ဟျောင့်ရ ပြောစရာလိုလို့လား အလုပ်တွေရှိနေတာကို ဒါနဲ့Pondရောပြန်မလာသေးဘူးလား မတွေ့ဘူးကော

Mark-အော်..Pondက မင်းချစ်ချစ်Chamကို
သွားခေါ်တယ်လေခုနနေပြန်ရောက်တော့မယ်ထင်တယ်

Mean-ဟျောင့် ဘာကိုငါ့ချစ်ချစ်ရမှာလဲ သူနဲ့ငါကသူငယ်ချင်းပဲ ဘာအကန့်မှမရှိဘူး လျှောက်ပြောမနေနဲ့ကွ

Mark-ဟုတ်ပါပြီကွာ ဒါမဲ့သူမင်းကို
ကြိတ်ကြွေနေတာကိုတော့ မင်းငြင်းလို့မရပါဘူးကွာ ဟုတ်တယ်မလားဟျောင့် ဟား...

Mean-တော်ပါကွာ မဟုတ်တာတွေလာပြောမနေနဲ့
Chamကြားရင်လဲမကောင်းဘူး တော်တော့ဟျောင့်

Mark-အေးပါကွာ အော်..ဒါနဲ့ သူကဘယ်သူလဲကွ
ငါတို့နဲ့မိတ်ဆက်ပေးဦးလေ တခါမှမမြင်ဖူးဘူး

Mean-အော်...သူကလား...ဟီး...ဟီး...
သူက...ငါ့.....ရဲ့.....သူငယ်ချင်းပါ Planတဲ့ ငါတို့ထက်ငယ်တယ်ကွ မှတ်ထားပေါ့
ဒီနေ့ငါတို့နဲ့အတူလိုက်လည်မှာလေ ကလေး
သူတို့ကကိုယ့်ငယ်ပေါင်းကြီးဖော်တွေကြီးပဲ
ဒါကMark ဒါကGun သူကTitle ဟိုဘက်ကEarth ဟိုဘက်ဆုံးကSaintတဲ့ မှတ်ထားဦးနော်ကလေး

Gun-အော် Planတဲ့လား ချစ်စရာလေး

Earth-ကလေးတဲ့လား 😁😁

Planကတော့ Meanအနားမှာရပ်နေရင်း Meanနဲ့သူ့သူငယ်ချင်း စကားပြောနေတာကို
နားထောင်နေတာပါ သူငယ်ချင်းက
ဘယ်သူလဲမေးတာကို Planဘက်ကိုလှည့်ကြည့်ပြီး
ငါ့ရဲ့ဆိုတာကိုသံရှည်ဆွဲပြီးပြောနေလို့ သူ့ကိုမျက်လုံးပြူးပြီးကြည့်လိုက်မှ တချက်ရယ်ပြီး သူငယ်ချင်းလို့ဖြေလိုက်တာပါသူကကျွန်တော့်ကို
စနေတာသိပေမဲ့ ရင်ကိုထိတ်သွားတာပဲ😤
ပြီးမှသူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးနေတာပါ
သူ့သူငယ်ချင်းတွေကလဲ သူ့လိုပျော်ပျော်နေတတ်မဲ့ပုံပါပဲ
အင်းပေါ့လေ အသွင်တူလို့လဲပေါင်းလို့ရတာပေါ့

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Où les histoires vivent. Découvrez maintenant