အပိုင်း~~~၅

425 43 1
                                    

PlanလဲMeanရဲ့ချစ်စကားတွေကြားပြီး ရှက်ရှက်နဲ့
မဏ္ဍာပ်ပေါ်တက်ပြေးလာခဲ့မိတယ် စင်ပေါ်ရောက်တော့ နေရာတော်တော်များများကမလွတ်ကြတော့ဘူး ခုနကအမတွေနဲ့အတူရပ်ခဲ့တဲ့ နေရာမှာတောင် တခြားသူတွေဝင်ရပ်နေကြတာကိုတွေ့လိုက်ရတယ်
အပေါ်ရောက်လာမှတော့ မထူးပါဘူးဆိုပြီး ဒေါင့်စွန်းနားလေးက လွတ်နေတဲ့နေရာကို အပြေးသွားလိုက်တော့တယ်

Planအနောက်ကို အပြေးလိုက်လာတဲ့
Meanကလဲ Planဘာလုပ်မလဲဆိုတာကို ခါးထောက်ပြီးရပ်ကြည့်နေလိုက်တယ်
လွတ်နေတဲ့ဒေါင့်နားမှာရေသွားပက်ဖို့
လုပ်နေတဲ့ကလေးကြောင့်ခါးထောက်ထားတဲ့
ပုံစံလေးနဲ့ပဲ ခေါင်းလေးကိုမော့ပြီး ရယ်မောနေလိုက်မိတယ် ပြီးတော့ခေါင်းလေးကို
ဖြည်းဖြည်းလေးခါရမ်းနေလိုက်ပြီး Planနားကို အေးဆေးလျှောက်သွားလိုက်တယ်
အနားရောက်တာနဲ့ကလေးရဲ့နောက်ကျောမှာ
သွားရပ်လိုက်ပြီး လက်နှစ်ဖက်က ရေပိုက်တွေတင်တဲ့
လက်တန်းမှာ လက်ထောက်လိုက်တာကြောင့် Planတယောက် အလိုလိုနဲ့ Meanရဲ့ရင်ခွင်ထဲ
ဝင်ရောက်သလိုဖြစ်သွားခဲ့တယ်အနောက်ကနေ
Planကို အုပ်မိုးထားတဲ့ပုံစံနဲ့ပဲ Planနားနားကပ်ပြီး
လေသံတိုးတိုးလေးနဲ့ပြောလိုက်တယ်

Mean-ကလေး ဘာလို့ကိုယ့်ကိုမစောင့်တာလဲ
ကိုယ်နဲ့ရေအတူတူဆော့မယ်လို့ ကတိပေးထားတာမေ့နေပြီလား

ရှက်ရှက်နဲ့ရေပက်နေတဲ့Planတယောက် သူ့အနားကပ်လာပြီးအနောက်ကနေ
ပွေ့ဖက်ထားသလိုပုံစံနဲ့ရပ်နေပြီး နားနားမှာ
လေသံတိုးတိုးနဲ့လာကပ်ပြောတဲ့ Meanကြောင့် တကိုယ်လုံးကြက်သီးတွေတောင်ထလာပြီး လူကလဲတုန်ယင်လာသလိုမျိုး ခံစားနေရတယ် အသက်တောင်ဖြောင့်အောင်မရှူရဲတော့သလို
ခြေထောက်တွေလဲ မခိုင်တော့သလိုပဲ😳😱😱
နောက်ကိုလဲလှည့်မကြည့်ရဲဘူး Meanမျက်နှာက
သူ့မျက်နှာနားမှာရှိနေတာကို သိလို့
လှည့်မကြည့်ရဲတာပါ ဒါပေမဲ့ လူအမြင်မသင့်တော်တာမို့ မပြောလို့လဲမဖြစ်တာကြောင့်အရဲစွန့်ပြီး အသက်ပြင်းပြင်းရှူကာ Meanကိုပြန်ပြောလိုက်တယ်

Plan-ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ ဟိုမှာနေရာလွတ်တယ်လေ အာ့မှာရေသွားပက်ပါလား ဘာလို့ကျွန်တော့်အနောက်မှာ လာထပ်ရပ်နေတာလဲ ခုပုံစံကြီးကလူမြင်ရင်လဲမသင့်တော်ပါဘူး
ကျွန်တော့်အစ်မတွေမြင်ရင်လဲ မကောင်းဘူး သွားပါဗျာ

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Kde žijí příběhy. Začni objevovat