အပိုင်း~~~၂

514 38 0
                                    

N'Planစိတ်တိုတိုနဲ့ထွက်သွားတာကိုကြည့်ပြီး
သဘောကျနေတဲ့Meanတယောက်တခုခုကို
သတိရသွားပြီး မဏ္ဍာပ်ပေါ်တက်သွားတဲ့ Planနောက်ကို
လိုက်မသွားသေးပဲ သူ့သူငယ်ချင်းPondရှိရာကို လာခဲ့ပြီး Pondကို သူသိချင်တာကို မေးလိုက်တယ် Pondကတော့ ဟုတ်ကောဟုတ်ရဲ့လားဆိုတဲ့ပုံစံနဲ့ ပြန်ပြူးကြည့်နေခဲ့တယ်
Meanကတခါမှအာ့လိုမေးတာမရှိခဲ့ဘူးလို့လေ ခုလိုလာမေးတာကိစ္စရှိလို့ပဲနေမှာ အရေးကြီးလို့များလား ဒါမှမဟုတ်ကောင်မလေးတယောက်ကိုအပြိုင်လုကြရင်း ရန်ဖြစ်ကြမလို့လားယောက်ျားလေးတယောက်အကြောင်း စုံစမ်းခိုင်းတာပထမဆုံးမို့လို့ ကျွန်တော်အံ့သြမိတာ လွန်တယ်မထင်ဘူးဗျ😳သူမေးတဲ့N'Planအကြောင်းလဲ
ကျွန်တော်သိပါတယ် အဲ့ဒီကောင်လေးကလဲ ရန်ဖြစ်တတ်တဲ့သူမျိုးမဟုတ်ပါဘူး🤔🤔

Mean--ဟျောင့် ငါပြောတဲ့သူကို မင်းသိတယ်မလား
သူ့အကြောင်းငါသိချင်လို့ အပြည့်အစုံလေး စုံစမ်းပေးစမ်းပါကွာ ဟျောင့် ဟျောင့် Pond
ငါပြောတာကြားရဲ့လား ဟျောင့်

Pond--ဟမ် ဟမ် အော် အေး ငါကအံ့သြသွားလို့ပါကွ
မင်းကဘာလို့N'Planအကြောင်းသိချင်ရတာလဲ ဘာလဲ ရည်းစားလုဖက်တွေမို့လို့လား ရန်မဖြစ်ချင်စမ်းပါနဲ့ကွာ
မင်းက တက်သစ်စမော်ဒယ်လ်တယောက်ဆိုပေမဲ့
နာမည်ကြီးသင့်သလောက်ကြီးနေပြီဆိုတာကိုလဲ မမေ့နဲ့ဦး

Mean--ဟျောင့် မင်းဘာတွေလျှောက်တွေးနေတာလဲ
ငါ့ရာဇဝင်မှာ အာ့လိုရည်းစားအပြိုင်လုတာမျိုးတွေ
ရှိခဲ့ဘူးလို့လားကွ ဟမ် ပြီးတော့လဲ ငါကဘယ်တုန်းက
ရည်းစားတွေကြောင့် ရန်ဖြစ်တာရှိလို့လားကွ
အခုငါကN'Planလေးကို စိတ်ဝင်စားလို့ သူ့အကြောင်းသိချင်တာ နေစမ်းပါဦး မင်းလေသံအရဆို မင်းကN'Planကိုသိနေသလိုပဲ ဟုတ်တယ်မလား

Pond--ဘာ....မင်းက...N'Planကိုစိတ်ဝင်စားတယ် ဟုတ်လား လာမနောက်စမ်းပါနဲ့ကွာ မင်းလိမ်ပြောရင် သိကြားမင်းကမင်းနာမည်ကိုမှတ်သွားလိမ့်မယ်
ဟျောင့်ရ ဟား....😂😂😂

Mean--ငါကမင်းလိုအရူးကောင်ကို အားအားယားယား
လာနောက်နေစရာလားဟ မဟုတ်တာပြောတာတွေ တော်စမ်းပါကွာ ငါ့ကိုPlanလေး အကြောင်းသာ အပြည့်အစုံပြောပြစမ်းပါ ငါသိချင်တယ်

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Tempat cerita menjadi hidup. Temukan sekarang