"ဟယ်လို ကလေးလေး"
အဲ့ဒီစကားတခွန်းက ကျွန်တော့်ခေါင်းကို
မိုးကြိုးပစ်ချလိုက်သလိုပဲသူနဲ့ထပ်မတွေ့ရတော့ဘူးဆိုပြီး ပျော်နေတာလေဒီတနေ့လည်လုံး အဲ့လူကြီးကြောင့်
အာရုံနောက်နေတာကို ဂိမ်းကစားပြီးတော့ ဖျောက်ဖျက်ပစ်နေတာလေ မနက်ဖြန်မဏ္ဍာပ်ကို မလိုက်နိုင်တော့ဘူးဆိုတာကိုလဲအစ်မတွေကို
ပြောပြထားပြီးပြီ ပထမကတော့အစ်မတွေကတော့
ပွစိ ပွစိနဲ့ပြောတာပေါ့ ဒါပေမဲ့နောက်ဆုံးကျွန်တော်ပဲ
အနိုင်ရသွားတာလေရောဂါအကြောင်းပြလိုက်တာပေါ့
အခုတော့ ပျော်ရွှင်မှုတွေပျောက်ဆုံးသွားသလိုပဲ😫😫
သူဘယ်ကနေဖုန်းနံပါတ်ရသွားတာလဲ ဖုန်းပြန်ချမလို့လုပ်တော့Mean-ဟယ်လို ကလေးလေး ဖုန်းမချလိုက်နဲ့နော်
ဖုန်းချလိုက်တာနဲ့ ကိုယ် ကလေးလေးရဲ့အခန်းထဲကို
ဝင်လာမိလိမ့်မယ်နော် အဲ့တော့ ကိုယ်ပြောတာကို
နားထောင်ပေးပါ ဟုတ်ပြီလားPlan-ခင်..ခင်ဗျား ကျွန်တော့်ဖုန်းနံပါတ်ဘယ်ကရတာလဲ
အခန်းထဲဝင်ရဲဝင်လာကြည့်လေ ရဲတိုင်ပစ်မယ်
ခင်ဗျားပြောတာကိုလဲ နားမထောင်နိုင်ဘူး ဒါပဲဗျာပြောလဲပြောဖုန်းလဲချပစ်လိုက်တယ် ချက်ချင်းပဲ
ဖုန်းကပြန်ဝင်လာတယ် ဒါပေမဲ့ ကျွန်တော်မကိုင်ပါဘူး ဖုန်းကိုလဲပိတ်ပစ်လိုက်တယ် ကဲ ဘာတတ်နိုင်သေးလဲ မော်ဒယ်လ်မင်းသားကြီးရေ😂😂Plan-ကိုယ့်ဟာကိုအေးဆေးမနေရဘူး လိုက်နှောက်ယှက်နေတယ်
ဖုန်းပိတ်ထားတော့နားအေးသွားပြီ အိပ်တော့မယ်
အခန်းထဲတော့ဝင်မလာရဲလောက်ပါဘူးကွာတဖက်ကMeanကလဲ Planဖုန်းချသွားနဲ့
ချက်ချင်းပြန်ခေါ်ပေမဲ့ ဟိုဘက်ကစက်ပိတ်ထားပါသည်
ပြန်ဖြေသံကို ကြားတာနဲ့ နှုတ်ခမ်းကမဲ့ပြုံးလေးပြုံးပြီး မျက်စိရှေ့ကအိမ်ရဲ့အပေါ်ထပ်ကိုမော့ကြည့်လိုက်တယ် ကလေးလေးကကိုယ့်အကြောင်းမသိသေးပဲကိုး ကိုယ်ကလိုချင်တာကို ရမှကျေနပ်တဲ့သူမျိုး
ဇွတ်တရွတ်ဆန်ပေမဲ့ လူတွေကိုဘယ်တုန်းကမှ
နာကျင်အောင်မလုပ်ခဲ့ပါဘူး ကိုယ့်ကို
မထိခိုက်လာသေးရင်ပေါ့ စိန်ခေါ်ရင် တိမ်ပေါ်ထိတောင်
လိုက်တဲ့လူစားမျိုး ခုလဲချစ်ရတဲ့ကလေးလေးက သူပြောတာကိုနားမထောင်ပဲ ဖုန်းပါပိတ်ပစ်လိုက်တော့ သူ့အခန်းထဲဝင်ရုံအပြင်ဘာတတ်နိုင်ဦးမှာလဲ သူ့ကိုလွမ်းလို့သူ့အိမ်ရှေ့ထိရောက်လာပေမဲ့
သူ့အသံလေးကြားရင်ရပါပြီဆိုပြီး ဖုန်းပဲဆက်တဲ့ဟာကို
ကလေးက ခုလိုလုပ်တယ်ဆိုတော့လဲ မတတ်နိုင်တော့ဘူးလေ ကိုယ်လာပြီ ကလေးလေးရေ

YOU ARE READING
💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)
RomanceMean 💙 X Plan 💚 ကိုယ်ချစ်သော2wishလေးကို သင်္ကြန်ဇာတ်လမ်းလေး တပုဒ်အဖြစ်ဖန်တီးကြည့်တာပါလို့ တခါမှFanficမရေးဖူးသလို ဒီသင်္ကြန်ဇာတ်လေးက ပထမဆုံးသောficတပုဒ်ပါ😊😊 ပထမဆုံးရေးသားခြင်းမို့ လိုအပ်ချက်များစွာ အဆင်မပြေမှုများစွာ ရှိနေနိုင်ပါသောကြောင့် သည်းခံပြီး...