သင်္ကြန်အတက်နေ့💦💦
မနေ့ညကအတွေးများစွာ ကြည်နူးမှုများစွာ ပျော်ရွှင်မှုများစွာဖြင့် မိုးလင်းခါနီးမှအိပ်ပျော်သွားခဲ့တဲ့ Meanတယောက် မနက်စောစော ဖုန်းမြည်သံကြောင့် လက်ကစမ်းရင်း မျက်လုံးမဖွင့်ပဲ ဖုန်းကိုဖွင့်ပြီး
နားထောင်လိုက်ကာ အိပ်ချင်မူးတူးအသံဖြင့်Mean—ဟယ်လို အမိန့်ရှိပါ
Mean'mom—ဟယ်လို Happy Birthdayပါ
သားလေးရေ မွေးနေ့မှာပျော်ရွှင်ပါစေ သက်ရှည်ကျန်းမာပြီး ဒီထက်မကအောင်မြင်ပါစေလို့
ဖေဖေမေမေတို့ကဆုတောင်းပေးလိုက်တယ်နော်
သားလေးကိုလည်း ဖေဖေနဲ့မေမေက
အရမ်းချစ်ပါတယ်ကွယ်Mean—ဟာ...မေမေ အဟင်း...ကျေးဇူးပါမေမေ
သားကလည်းဖေဖေနဲ့မေမေတို့ကို အရမ်းချစ်ပါတယ်Mean'mom—မေမေဖုန်းဆက်လိုက်လို့ အိပ်ရေးပျက်သွားပြီလား အိပ်ချင်မူးတူးအသံနဲ့ ညကစောစောမအိပ်ဘူးလားကွယ်
ကျန်းမာရေးလဲဂရုစိုက်အူးလေ သားရယ်Mean—ဟီး..သားညကအိပ်ရာဝင်တာနဲနဲလေး
နောက်ကျသွားလို့ပါမေမေ အခုတော့ မေမေအသံကြားလို့မအိပ်ချင်တော့ပါဘူး
သားကလေ မေမေ့တို့ကို လွမ်းနေတာ မေမေတို့ရောနေကောင်းတယ်မလားမေမေMean'mom—ကောင်းပါတယ် မေမေနဲ့သားဖေဖေတို့တောင် နောက်၃ရက်လောက်ဆို
မန်မာပြည်ခဏပြန်လာကြမလို့လေ
အရေးကြီးကိစ္စလေးတခုရှိလို့ အဲ့ကိစ္စလေးပြီးမှ သားနဲ့အတူတူ ပြန်ကြမလို့လုပ်ထားတယ်Mean—ဟုတ်လား မေမေတို့လာရင်
သားလာကြိုမယ်မေမေ
ဘာအရေးကြီးကိစ္စရှိလို့လဲမေမေရMean'mom—မေမေတို့ရောက်မှပဲ
ပြောကြတာပေါ့သားရယ် ဒါဆိုဒါပဲလေသားလေး သားကိုမေမေကသားမွေးနေ့လေးအတွက်
ဆုတောင်းပေးချင်လို့ဖုန်းဆက်လိုက်တာပါ သားလုပ်စရာရှိတာတွေ ဆက်လုပ်တော့လေ ဒါပဲနော်သားလေးMean—ဟုတ်ကဲ့မေမေ ဒါဆိုဒါပဲနော် မေမေ့ကိုအရမ်းချစ်တာပဲ
Mean'mom—အဟွင်း...အချွဲလေး ဒါပဲနော် ဖုန်းချလိုက်တော့မယ်
မနက်စောစော မေမေ့ဆီကဆုတောင်း
စကားလေးကြောင့်Meanတယောက်
ပျော်ရွှင်ကြည်နူးစွာအိပ်ရာမှထလိုက်တယ်
နာရီကြည့်လိုက်တော့ ၆နာရီခွဲ

YOU ARE READING
💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)
RomanceMean 💙 X Plan 💚 ကိုယ်ချစ်သော2wishလေးကို သင်္ကြန်ဇာတ်လမ်းလေး တပုဒ်အဖြစ်ဖန်တီးကြည့်တာပါလို့ တခါမှFanficမရေးဖူးသလို ဒီသင်္ကြန်ဇာတ်လေးက ပထမဆုံးသောficတပုဒ်ပါ😊😊 ပထမဆုံးရေးသားခြင်းမို့ လိုအပ်ချက်များစွာ အဆင်မပြေမှုများစွာ ရှိနေနိုင်ပါသောကြောင့် သည်းခံပြီး...