နှစ်ယောက်တည်းတကမ္ဘာလိုသာယာနေကြတဲ့
Meanနဲ့Planရယ် ထိုကမ္ဘာကိုပိုသာယာအောင်
ပံ့ပိုးပေးနေတဲ့ သူငယ်ချင်းတစ်စုတို့ရယ်
အားလုံးပဲပျော်ရွှင်စွာနဲ့ရေပက်ခံမဏ္ဍာပ်တွေကို
ကျော်ဖြတ်လာတော့ နေ့လည်၁၂နာရီဝန်းကျင် ထမင်းစားချိန်ကိုတောင်ရောက်နေပါပြီPond-ဟျောင့်တွေ နေ့လည်ရောက်ပြီ ထမင်းစားနားတော့မလား
Gun-ဗိုက်မဆာသေးပါဘူးကွာ နောက်မဏ္ဍာပ်တခုလောက်သွားပြီးနားရအောင်လေ ကရတာမဝသေးဘူး ဟီး ဟီး..
Saint-ငါတို့ကတော့အေးဆေးပဲ မင်းတို့သွားတဲ့နောက်လိုက်မှာ😂
Mean-အာ...နောက်မဏ္ဍာပ်မသွားနဲ့တော့ အရင်နားပြီးတော့ထမင်းအရင်စားလိုက်ရအောင် ငါ့ကလေးဗိုက်ဆာနေလောက်ပြီ😁
Title-ဟား...ဒီကလေးရောဂါသည်သမားကိုသာ အလိုလိုက်လိုက်ကြစမ်းပါကွာ ထမင်းစားနားကြရအောင်😂😂
ငါ့ဆိုင်ကိုပဲမောင်းလိုက်တော့ကွာ ဆိုင်ပိတ်ထားပေမဲ့ ဝန်ထမ်းတွေရှိတယ် တခုခုချက်ခိုင်းလို့ရတယ် အဲ့ဒီပဲမောင်းကွာMean-ခွေးကောင် ဟား...😂😂😂😂
အဲ့လိုနဲ့ပဲ Titleရဲ့စားသောက်ဆိုင်ကိုပဲ
မောင်းခဲ့လိုက်တော့တယ်Meanကခုနကရေထိပြီး
ကခုန်လိုက်တော့ သူငယ်ချင်းတွေရဲ့ ဘီယာနဲ့အပြင်းရောထားတဲ့အရှိန်တွေက
အခုမှတရိပ်ရိပ် တက်လာနေတော့တာ ဒါပေမဲ့သူမူးနေတာထက်ကို Planဗိုက်ဆာမှာကိုပဲ
စိုးရိမ်နေမိတာပါ မူးတယ်ဆိုပေမဲ့လဲ
အရမ်းမူးတာတော့မဟုတ်ပါဘူးရီဝေဝေနဲ့
ခံစားလို့ကောင်းရုံလေးပါ🍷Planကတော့ မနက်ကအဝစားလာခဲ့တာရယ် Meanကြောင့် တချိန်လုံးရင်ခုန်နေရတာနဲ့ ဗိုက်တောင်သိပ်မဆာပါဘူး ချမ်းတာတော့အရမ်းချမ်းနေပါပြီ နှုတ်ခမ်းတွေတောင်ပြာနေပြီ
နေ့လည်အချိန်ဆိုတော့ ရေပက်ခံကားတွေလဲ
နားကြတော့ လမ်းမှာနည်းနည်းရှင်းနေလို့ Titleရဲ့ဆိုင်ကိုမကြာခင်ပဲရောက်လာခဲ့ကြတယ် တခြားသူတွေကတော့ရောက်နေကျမို့
အလျှိုလျှိုဆင်းသွားကြပြီလေ Meanကတော့
သူ့ကလေးကိုစောင့်ခေါ်နေရင်း ကားရှေ့ခန်းကနေ
ကျောပိုးအိတ်ကိုသွားယူလိုက်ပြီး Planကို
လက်ဆွဲခေါ်ပြီး စားသောက်ဆိုင်ထဲဝင်လာခဲ့တယ်

YOU ARE READING
💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)
RomanceMean 💙 X Plan 💚 ကိုယ်ချစ်သော2wishလေးကို သင်္ကြန်ဇာတ်လမ်းလေး တပုဒ်အဖြစ်ဖန်တီးကြည့်တာပါလို့ တခါမှFanficမရေးဖူးသလို ဒီသင်္ကြန်ဇာတ်လေးက ပထမဆုံးသောficတပုဒ်ပါ😊😊 ပထမဆုံးရေးသားခြင်းမို့ လိုအပ်ချက်များစွာ အဆင်မပြေမှုများစွာ ရှိနေနိုင်ပါသောကြောင့် သည်းခံပြီး...