အပိုင်း~~~၁၈

376 33 0
                                    

Planအိမ်ကနေကားမောင်းထွက်လာကြတဲ့
ချစ်သူနှစ်ဦးကတော့ တယောက်လက်တယောက်
ကိုင်ထားရင်း ချစ်စကားတွေသီကုံးဖွဲ့လို့မကုန်နိုင်အောင်
ပြောနေကြတယ်

Mean—ကလေး မကြီးတို့ကို
ဘယ်လိုပြောပြီးထွက်လာတာလဲ

Plan—အော်..အာ့တာလား...အဟီး..
ကိုကိုကသူငယ်ချင်းတွေနဲ့.ကျွန်တော့်ကို မနေ့ကမွေးနေ့မှာဘာမှမကျွေးလိုက်ရလို့
မုန့်လိုက်ကျွေးတာလို့ပြောထားတာ😁😁

Mean—ဟား...လူလိမ်လေးပေါ့လေ

Plan—အာ့လိုမလိမ်လို့ ကျွန်တော့်ချစ်သူနဲ့
သွားချိန်းတွေ့မလို့ပါလို့ ပြောရမှာလား သူ့ကြောင့်မို့လဲ ဒီကလိမ်ပြောရသေးတယ် သူများကိုလဲ လာလှောင်နေသေးတယ် ဟွန့်😤😤

Mean—မလှောင်ပါဘူးကွာ ကိုယ်က
သဘောကျလို့ပါကွ ဒီလိုလုပ်ရအောင်လေ ကလေးပြောသလိုပဲ ဟိုကောင်တွေကို
တဝိုင်းကျွေးလိုက်ရအောင်လေ ညနေဘက်လောက်ပေါ့
ကိုယ်တို့ကို ဒီကောင်တွေအများကြီး
ကူညီပေးထားတာဆိုတော့ကျေးဇူးသိတတ်ရမှာပေါ့ Titleတို့ဆိုင်မှာပဲထိုင်လိုက်ရအောင်လေ ဘယ်လိုလဲ ကလေးအဆင်ပြေရဲ့လား

Plan—အင်း..အဆင်ပြေပါတယ် ကျွေးရမှာပေါ့

Mean—အိုကေ ဒါဆိုကိုယ်Titleကိုဖုန်းဆက်လိုက်မယ်

Meanက ကားမောင်းရင်းနဲ့ပဲTitleကို
ဖုန်းခေါ်လိုက်ပါတယ်

Title—အေး ပြော ဘာနှိပ်စက်ဦးမလို့်လဲဟျောင့်

Mean—ဟား..မဟုတ်ပါဘူးကွာ ငါပြောပါရစေဦး
ငါ မင်းတို့ဆိုင်မှာညနေဘက်လောက်ပေါ့ကွာ မင်းတို့အဖွဲ့တွေကို တဝိုင်းကျွေးမလို့ အာ့တာမင်းပြင်ဆင်ထားပေးဦးပြောမလို့ပါကွ
ကျန်တဲ့ကောင်တွေကိုလဲ မင်းပဲ
ဖုန်းဆက်ချိတ်လိုက်တော့ ငါ အခုကားမောင်းနေလို့

Title—ကြားသားမိုးကြိုး ဘာအတွက်ကျွေးမှာလဲကွ

Mean—အော် ငါ့မွေးနေ့တုန်းက
ဘာမှမကျွေးလိုက်ရလို့ပါကွာ ပြီးတော့ တခြားကိစ္စလေးတွေလဲရှိလို့ ငါ့ကိုကူညီပေးစမ်းပါ
ဟုတ်ပြီနော် မင်းကိုပဲအားကိုးလိုက်ပြီ ဒါပဲနော် ကားမောင်းနေလို့

💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ