ဒီနေ့ကMeanတို့နဲ့အတူPlanလေးက
နိုင်ငံခြားကိုလိုက်သွားမဲ့ နေ့လေးပါ လေယာဉ်ချိန်ကနေ့လည်မှဆိုတော့
တမနက်ခင်းလုံးမကြီးတို့ကိုအချိန်ပေးဖြစ်တယ် မကြီးတို့ကPlanကိုစိတ်မချစွာ
ပြောဆိုဆုံးမနေကြပါတယ်ဟိုကိုရောက်ပြီး
တပတ်လောက်ဆိုကျွန်တော်တို့မင်္ဂလာပွဲကျင်းပမှာပါ အဲ့ဒီအခါကျမှ မကြီးတို့နဲ့ ကိုကို့သူငယ်ချင်းတွေက လိုက်လာမယ်လို့တော့ပြောတယ် အခုတော့ တမနက်လုံးPlanအတွက်ပြင်ဆင်ပေးနေသလို
ဘယ်လိုနေ ဘယ်လိုလုပ်ဆိုပြီး ပြောနေကြတော့ ကြာလာတော့နားထောင်ငြီးလာရတဲ့အဖြစ်Plan---မကြီး ကျွန်တော်ဘယ်လိုနေရမလဲဆိုတာ
သိပါတယ်ဗျကျွန်တော်မိန်းကလေးမဟုတ်ပါဘူး ယောက်ျားလေးပါဗျ အဲ့လောက်ထိမှာစရာမလိုပါဘူး နားလည်ပါတယ်ဗျာP'Prim---ဟဲ့ မှာရတယ် မှာရတယ်ဟဲ့ နင်ကဘာမှသိတာလဲ.မဟုတ်ဘူး အခုအိမ်ထောင်ကျပြီဆိုတော့သိသင့်သိထိုက်တာတွေ
ပြောပြနေရတာပေါ့ဟဲ့ နင့်အတွက်ကြီးပဲသိရဲ့လားPlan---ဟာဗျာ မသိရင် မကြီးတို့မလေးတို့ကပဲ အိမ်ထောင်ကျဖူးသလိုလို အဟီး ဟီး
P'Prim---တယ်လေ ငါခေါက်ထည့်လိုက်ရ သူ့အတွက်ပြောတာကို အစ်မတွေကို လာပြောင်နေသေးတယ်
P'Ohm---ဟုတ်တယ်မောင်လေးရဲ့ မောင်လေးကဗြုန်းစားကြီး အိမ်ထောင်ကျတော့ အိမ်ထောင်သည်ဘဝတွေကို သေချာနားမလည်ဘူးလေ ယောက်ျားအချင်းချင်းဆိုပေမဲ့လည်း
Meanကြိုက်တာလေးတွေ ဝေယာဝစ္စတွေ
လုပ်ပေးရတော့မယ်လေ အဲ့ဂျောင့်မှာနေရတာ ဟိုရောက်ရင်မကြီးတို့ပြောသလို
လိမ်လိမ်မာမာနေနော် ဘာသံမှမကြားချင်ဘူး
ဟုတ်ပြီလားမောင်လေးPlan---ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ကိုကို့အကြိုက်ကို
အကောင်းဆုံး ပြုစုလိုက်ပါ့မယ်ခင်ဗျာ ရှယ် ရှယ် ဟုတ်ပြီလားP'Prim--ဟဲ့ နင့်စကားကြီးကဘာစကားကြီးလဲ အဲ့ဒါအစ်မတွေရှေ့မှာပြောရမဲ့စကားလား အင်းဟာ
Plan--အား.လား..လား..နာလိုက်တာ မလေးရာ
ကျွန်တော်ကဘာပြောနေလို့လဲ မကြီးတို့မလေးတို့ပြောသလို ကိုကိုကြိုက်တာတွေ
လုပ်ပေးမယ်ပြောတာလေ နာလိုက်တာဗျာ

ESTÁS LEYENDO
💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)
RomanceMean 💙 X Plan 💚 ကိုယ်ချစ်သော2wishလေးကို သင်္ကြန်ဇာတ်လမ်းလေး တပုဒ်အဖြစ်ဖန်တီးကြည့်တာပါလို့ တခါမှFanficမရေးဖူးသလို ဒီသင်္ကြန်ဇာတ်လေးက ပထမဆုံးသောficတပုဒ်ပါ😊😊 ပထမဆုံးရေးသားခြင်းမို့ လိုအပ်ချက်များစွာ အဆင်မပြေမှုများစွာ ရှိနေနိုင်ပါသောကြောင့် သည်းခံပြီး...