Planလဲမဏ္ဍာပ်အောက်ကိုအပြေးတပိုင်းလေး
ပြေးဆင်းလာရင်း နေရာရဖို့မျက်စိကစားပြီး
ရှာလိုက်တော့ နေလဲအရမ်းမပူ ထိုင်ဖို့အတွက်လဲ
အဆင်ပြေလောက်တဲ့ စားပွဲဝိုင်းတခုကိုတွေ့မိတယ်
အဲ့ဘက်နားကချောင်နည်းနည်းကျတာမို့ လူလဲရှင်းတယ်လေ ကျွန်တော်တို့မောင်နှမတွေကတော့ ဘယ်နားပဲထိုင်ထိုင် အဆင်ပြေပေမဲ့ ဟိုလူကြီးကနာမည်ကြီးတယောက်ဆိုတော့
သူအဆင်မပြေမှာစိုးလို့ လူရှင်းတဲ့ဘက်ကိုရွေးလိုက်ပြီး
အဲ့ဒီနေရာကို အပြေးလေးသွားဦးလိုက်ပါတော့တယ်
(အမလေး ကလေးရယ် တွေးပေးတတ်လိုက်တာ😁)Meanလဲ သူ့ကလေးအပြေးသွားတဲ့နောက်ကို
ပြေးလိုက်ရင်းလူရှင်းမဲ့နေရာကို မျက်စိကစားပြီး
လှမ်းရှာနေတာပါ သူ့စိတ်ထဲကရွေးလိုက်မိတဲ့
စားပွဲဝိုင်းကို သူ့ကလေးကလဲအပြေးသွားနေတာတွေ့လို့ စိတ်ချင်းဆက်နေတာပဲဆိုပြီး ကြည်နူးစိတ်နဲ့ မျက်နှာကပြုံးဖြီးနေမိတော့တာပေါ့😁😁Plan—ဒီနေရာလေးက လူရှင်းပြီး နေလဲအရမ်းမပူလို့
ရွေးလိုက်တာ ခင်ဗျားအဆင်ပြေတယ်မလားMean—ပြေတာပေါ့ ပြေတာမှ ဟိုဘက်တောင်
လွန်နေသေး ကိုယ်လဲဒီနေရာကိုစိတ်ထဲက
ရွေးလိုက်မိတုန်းရှိသေး ကလေးကလဲပြေးသွားတော့ စိတ်ချင်းဆက်နေတယ်ဆိုပြီးတွေးလိုက်မိသေး
ဖူးစာဖက်တွေဆိုရင်အဲ့လိုမျိုးပဲစိတ်ချင်းဆက်နေကြတာMeanရဲ့စပ်ဖြီးဖြီးအပြောတွေကြောင့် ဒီနေရာရွေးလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုတောင် ထုပစ်လိုက်ချင်မိတော့တာပဲ ဘယ့်နှယ်ဗျာ သူ့အတွက်ကိုအဓိကထားရွေးမိလိုက်ပါတယ်
စိတ်ချင်းဆက်နေလို့ ဖူးစာဖက်တွေဆိုတာပဲ
အရှက်မရှိချက်ကတော့ နာမည်ကြီးမင်းသား
ပီသပါပေတယ် မျက်နှာပုံစံအမျိုးမျိုးနဲ့စကားကို
အမျိုးမျိုးပြောပြီး ပုံစံစုံလုပ်ပြနေတာ အမြင်ကိုကတ်တယ် Meanကိုမျက်စောင်းထိုးမလို့
လုပ်လိုက်ပေမဲ့ မနေ့ကအဖြစ်တွေကို
သတိရသွားပြီး အမြန်အရှိန်သတ်လိုက်ရတယ်😤😤😤Plan—ဘာကိုဖူးစာဖက်လဲ အေးဆေးထိုင်ချင်လို့
ဒီနေရာရွေးတာ စိတ်ချင်းဆက်တယ်ဆိုတာက
ဖြစ်ရသေးတယ် အရှက်ကိုမရှိဘူး ဟွန့်
ခင်ဗျားကိုသူငယ်ချင်းအဖြစ်ပဲ လက်ခံရသေးတာနော်
အရှက်မရှိတဲ့စကားတွေထပ်ပြောနေမယ်ဆိုရင်တော့
သူငယ်ချင်းအဖြစ်ကနေ ရပ်စဲလိုက်မယ်နော် ထပ်ပြောကြည့်😏😏

YOU ARE READING
💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)
RomanceMean 💙 X Plan 💚 ကိုယ်ချစ်သော2wishလေးကို သင်္ကြန်ဇာတ်လမ်းလေး တပုဒ်အဖြစ်ဖန်တီးကြည့်တာပါလို့ တခါမှFanficမရေးဖူးသလို ဒီသင်္ကြန်ဇာတ်လေးက ပထမဆုံးသောficတပုဒ်ပါ😊😊 ပထမဆုံးရေးသားခြင်းမို့ လိုအပ်ချက်များစွာ အဆင်မပြေမှုများစွာ ရှိနေနိုင်ပါသောကြောင့် သည်းခံပြီး...