အောင်စာရင်းတွေ ထွက်လာတော့ သွန်း မှန်းထားတဲ့အတိုင်း
ပင်....ဆရာဝန်လိုင်း မမီခဲ့...ဒါပေမဲ့ သွန်း ဝမ်းနည်းမနေတော့ပါ...သွန်း ကိုကို့လိုမျိုးပဲ Business ဘွဲ့ကို ယူချင်သည်။ စီးပွားရေးတက္ကသိုလ် တက်မယ်လို့ စဉ်းစားထားလေသည်။ စစ်သွေးခန့်ကတော့ ဂုဏ်ထူး ၅ ဘာသာတောင် ပါလေသည်။ သွေးက တော်တာပဲလေ...ဒီလောက်တော့ ရှိမှာပေါ့....'သမီးလေး...ဝမ်းနည်းနေလား...'
'မနည်းပါဘူး မေမေ...သွန်း ဘာမှမဖြစ်ဘူး...သွန်း ဆက်ပြီး ကြိုးစားသွားမှာပါ...'
'ဒါမှ မေမေ့ သမီးလေးပေါ့ကွယ်...'
မေမေက သွန်းကို ဖက်၍ ပြောလိုက်သောအခါ ဖေဖေကလဲ ဝင်လာပြီး
'ဖေဖေ့ သမီးလေးလဲ ဟုတ်ပါတယ်ကွာ....'
မိသားစု သုံးယောက် ပြိုင်တူရယ်လိုက်ကြသည်။ သြော်...ဘဝကလဲ နေတတ်ရင် ပျော်စရာကြီးပါလားနော်....
💍💍💍
ဒီနေ့ကတော့ သွန်း ရန်ကုန်ကို စရောက်တဲ့နေ့ပင်...စီးပွားရေး
တက္ကသိုလ် တက်မှာ ဖြစ်ပြီး နေတာကတော့ သွန်းက ကိုယ့်ဘာသာ နေချင်ပေမဲ့ အန်တီစု နဲ့ ဦးက အတင်းပဲ သူတို့ အိမ်မှာ လာနေပြီး ကျောင်းတက်ဖို့ ခေါ်လေသည်။ ဒါကြောင့်လဲ ဖေဖေ နဲ့ မေမေက သွန်းကို ကိုကိုတို့အိမ် လိုက်ပို့ပြီး ပြန်ဖို့ ပြင်နေကြလေရဲ့...သွန်းကတော့ တစ်ခါမှ ဖေဖေ နဲ့ မေမေကို မခွဲဖူးသဖြင့် မျက်ရည်လေး တဝဲဝဲနဲ့ ဖြစ်နေရသည်။ ကားပေါ်တက်ခါနီးကျတော့ မေမေက'သမီးလေးရယ်...သမီး ဖြစ်ချင်တာတွေ ဖြစ်အောင် ကြိုးစား
နော်...သမီးက ကလေးမဟုတ်တော့ဘူး...မေမေတို့နဲ့ ခွဲနေရလဲ စိတ်ဓာတ်ကို ကြံကြံခိုင်အောင် ထားရမယ်...''ဟုတ်ကဲ့ပါ မေမေ...'
'အေးကွယ်...စု ကလဲ သမီးကို ဂရုစိုက်မှာပါ...မေမေတို့်သွားပြီ...'
ကားလေးထွက်သွားတာကို မျက်စိတဆုံးလိုက်ကြည့်နေမိသည်။ ဟူး...မိဘတွေနဲ့ ခွဲနေရတာ မလွယ်ပါလားနော်...သွန်း ပခုံးလေးကို လာဖက်သည့် လက်တစ်စုံကြောင့် သွန်းသတိပြန်ဝင်သွားရင်း...
'တီစု...'
'သမီးလေး...ဝမ်းနည်းနေတာလား'
'ဟုတ်...တစ်မျိုးကြီးပဲ တီစုရယ်...'

YOU ARE READING
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomanceZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...