Part - 17 Unicode

2.9K 112 1
                                    

လင်းနန္ဒ အခန်းတံခါးကို ပိတ်လိုက်ပြီး ခုတင်ပေါ်မှာ ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ သွန်းလေးရယ်...အိမ်ကို လွမ်းနေမယ်ဆိုတာ နားလည်ပေမယ့် ကိုကိုနဲ့က ပြန်တွေ့ရတာတောင် မကြာသေးဘူးလေ...ဖြစ်နိုင်ရင် ကိုကို သွန်းလေးကို မပြန်စေချင်သေးဘူး...ကိုကို တစ်ကိုယ်ကောင်းဆန်ရာများ ကျနေလားဟင်....

💍💍💍

သွန်း စိတ်ရှုပ်နေတာကြောင့် ခြံထဲရှိ ဒန်းလေးပေါ်မှာ ထွက်ထိုင်နေပြီး ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ငေးကြည့်နေမိသည်။ ညရဲ့ လေပြေအေးအေးကလဲ တသုန်သုန်တိုက်ခတ်နေလျက်ရှိသည်။ အပြင်မှာတော့ အေးချမ်းနေပေမဲ့ သွန်းရဲ့ ရင်ထဲမှာတော့ မအေးချမ်းနိုင်ပါလား ကိုကိုရယ်...ကိုကို သွန်းကို စိတ်ဆိုးသွားတာလား...မဆိုးတာလား...တစ်ခုခုပြောရင် သွန်း နေနိုင်သေးပါတယ်...ခုကျတော့ ဘာမှမပြောပဲ နေနေတာ သွန်းကို ပိုဆိုးစေတာ မဟုတ်ပါလား...

💍💍💍

ဟင်...ဒါ သွန်းလေးမို့လား...ဒီချိန်ကြီး ခြံထဲမှာ ဘာထွက်ထိုင်နေတာပါလိမ့်...လင်းနန္ဒ ပြတင်းပေါက်ကနေ ခြံထဲကို လှမ်းကြည့်မိတော့ ဒန်းပေါ်မှာ ထိုင်နေတဲ့ သွန်းလေးကို မြင်တာကြောင့် ခြံထဲသို့ ဆင်းလာခဲ့သည်။ အနီးနားရောက်သွားတဲ့ အထိ သွန်းလေးက သူ့ကို သတိထားမိပုံမပေါ်...ကောင်းကင်က လမင်းကြီးကိုသာ မော့ကြည့်နေလေသည်။

'သွန်းလေး...'

'ဟင်...ကိုကို...'

သွန်းက လန့်သွားပြီး သူ့ဘက် လှည့်ကြည့်လိုက်တော့ လရောင်အောက်မှာ လဲ့နေတဲ့ သွန်းကို မျက်ရည်တွေကို လင်းနန္ဒ တွေ့လိုက်ရလေသည်။ လင်း စိတ်ထဲ တော်တော်မကောင်းဖြစ်သွားပြီး သွန်းရဲ့ ဘေးမှာ သွားထိုင်လိုက်ကာ...

'ကလေးရယ်...ဘာလို့ငိုနေတာလဲကွာ...'

သွန်းလဲ လင်းရဲ့ စကားကြားမှ မျက်နှာပေါ်က မျက်ရည်တွေကို လက်ဖဝါးနဲ့ သုတ်လိုက်ပြီး...

'ကိုကိုက သွန်းကို စိတ်ဆိုးနေတာမို့လား...'

'ဘာလို့ ကိုကိုက သွန်းလေးကို စိတ်ဆိုးရမှာလဲ...'

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎Where stories live. Discover now