စေ့စပ်ပွဲဆိုပြီး မေမေတို့က အကျဉ်းချုံးလုပ်ပေးလိုက်ကြသည်။ သွန်း နဲ့ ကိုကိုလဲ လက်စွပ်လဲဝတ်ပေးလိုက်ကြသည်။ သွန်းလဲ လက်သန်းကြွယ်တွင် ရှိနေသော ပလက်တီနမ် စိန်လက်စွပ်လေးကို ကြည့်ရင်း ဝေဝေဝါးဝါး ဖြစ်နေရသည်။ ဘာတွေလဲ...ဘာတွေ ဖြစ်သွားတာလဲ...ကိုကို နဲ့ သွန်းက စေ့စပ်လိုက်တာလား...
'သွန်းလေး...'
'ဟင်...ကိုကို'
သွန်းက အခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ကာ တွေးနေခြင်းဖြစ်သည်။ ကိုကိုက အခန်းထဲဝင်လာပြီး သွန်း ဘေးမှာ ထိုင်ကာ...
'သွန်းလေး...စိတ်ညစ်နေတာလား...ကိုကို နဲ့ စေ့စပ်လိုက်ရလို့...'
'အာ..မဟုတ်ပါဘူး ကိုကိုရာ..ကိုကိုက သွန်းရဲ့ အစ်ကိုပဲ...သွန်း စိတ်မညစ်ပါဘူး...'
လင်းနန္ဒ သွန်းကို ရီဝေဝေလေး ကြည့်လိုက်ပြီး...
သွန်းရယ်...အစ်ကိုတဲ့လား...အင်းပါ...ကိုကိုက သွန်းအတွက် အစ်ကိုပါပဲ...ကိုကို နားလည်ပါတယ်...'မေမေတို့ကလဲနော်...သွန်းတို့ကို ဘာလို့ အဲ့လို စီစဉ်လိုက်လဲ မသိဘူး...အနေရခက်အောင်..'
သွန်းလေးက အရမ်းငယ်သေးတာကိုး...မင်း ကိုယ့်ကိုကိုယ် ထိန်းစမ်း လင်းနန္ဒ....ဟူး....
လင်းနန္ဒ သွန်းပခုံးပေါ်ကို ခေါင်းလေးတင်ကာ မှီလိုက်သည်။ သွန်းက အံ့သြသွားတဲ့ပုံနဲ့...'ကိုကို...ဘာလို့လဲဟင်...နေမကောင်းသေးဘူးလား..'
'မဟုတ်ပါဘူး...သွန်းလေး...ကိုကို ဒီတိုင်းပဲ နေချင်လို့ပါ...ခဏလောက်ပဲနော်...'
လေသံဖျော့ဖျော့နဲ့ ပြောနေသော ကိုကို့ကို သွန်း ဘာမှ ပြန်မပြောပဲ ဒီတိုင်း ငြိမ်နေလိုက်သည်။ ကိုကို ဘာဖြစ်သွားတာပါလိမ့်....
💍💍💍
စေ့စပ်ပွဲ အပြီး နှစ်ရက်လောက်အကြာမှာပဲ ကိုကို ရန်ကုန်ကို ပြန်သွားခဲ့သည်။ သွန်း လွမ်းပြီး ကျန်ခဲ့ပေမဲ့ အရင်လိုတော့ မငိုမိတော့ပါ...ဘာလို့လဲဆိုတော့ သွန်း ကိုကို့ကို မငိုတော့ဘူး လို့ ကတိပေးထားခဲ့လို့....
💍💍💍
ဒီနေ့ သွန်း ၈တန်း စတက်တဲ့နေ့...ကျောင်းကို စောစောရောက်လာခဲ့ပြီး သူငယ်ချင်းတွေနဲ့ စကားပြောနေသည်။ မကြာခင်မှာပဲ ကျောင်းခေါင်းလောင်းထိုးပြီး ကျောင်းတက်သွားတော့ စာသင်ရတော့မှာပေါ့....ဆရာမဝင်လာတဲ့အတွက်ကြောင့် အကုန်လုံးထပြီး နှုတ်ဆက်လိုက်ကြသည်။

VOCÊ ESTÁ LENDO
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomanceZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...