Company ရှေ့မှာ ရပ်နေတဲ့ သွန်းကို စစ်သွေးခန့်က ထီးဆောင်းပေးလိုက်ပြီး
'သွန်းရယ်...ဒီလောက် မိုးတွေ ရွာနေတာကို...ကျန်းမာရေးလဲ သိပ်ကောင်းသေးတာ မဟုတ်ပဲနဲ့...ဒီလိုကြီး ရပ်မနေပါနဲ့ဟာ...လာပါ ပြန်ရအောင်...'
'ဟင့်အင်း သွေး...သွန်း မပြန်ဘူး...သွန်း ကိုကို့ကို အထင်လွဲတာတွေ ရှင်းပြပြီးမှ ပြန်မှာ...သွန်း ရန်ကုန်လာတာလဲ ဒီအတွက်ပဲ...'
စစ်သွေးခန့် သက်ပြင်းတစ်ချက်ကို ကြိတ်ရှိုက်လိုက်ပြီး
'ကိုယ် ကိုလင်းနန္ဒကို ပြောပေးပါ့မယ်ဟာ...သွန်းကို အထင်မလွဲအောင်လို့...ခုတော့ ပြန်ကြရအောင်...သွန်းလဲ မိုးမိထားတာ...ဖျားနေဦးမယ်'
သွန်းငွေရည်က company အပေါ်ဆုံးထပ်ကိုသာ မလှုပ်မယှက်နဲ့ မော့ကြည့်နေသောကြောင့် စစ်သွေးခန့်ကပဲ သွန်းရဲ့ ပခုံးကို အသာဖက်ကာ
'လာပါ...ပြန်ကြရအောင်နော် သွန်း...'
💍💍💍
'ဒေါက်...ဒေါက်...'
'သားရေ...လင်း...ထစမ်း...ဒေါက်...ဒေါက်...'
လင်းနန္ဒ အိပ်ပျော်နေရာမှ လန့်နိုးသွားပြီး မေမေ တံခါးခေါက်နေတာကို သွားဖွင့်ပေးလိုက်လေသည်။
'လင်း...သွန်းလေး...ဆေးရုံရောက်နေလို့ လိုက်သွားရမယ်...ရန်ကုန်ကို တစ်ယောက်တည်းလာတာ...သော်တာတို့လဲ ပါလာတာ မဟုတ်ဘူး...မေမေတို့ လိုက်သွားမှ ဖြစ်မယ်...'
လင်းနန္ဒ အိပ်ချင်နေတဲ့ မျက်လုံးများပင် ပြူးကျယ်သွားကာ
'ဗျာ...မေမေ...သွန်းလေးက...'
'ဟုတ်တယ်...မြန်မြန်လုပ်...'
လင်းနန္ဒ ထူပူသွားကာ ညအိပ်ဝတ်စုံပင် မလဲနိုင်တော့ပဲ ကားသော့နဲ့ ပိုက်ဆံအိတ်ကို ဆွဲယူကာ မေမေ့ နောက်သို့ မြန်မြန်လိုက်လာခဲ့သည်။ ကားပေါ်ရောက်တော့မှ စက်ကို အမြန်နှိုးလိုက်ပြီး
'ဘယ်ဆေးရုံမှာလဲ မေမေ...'
'(.....)ဆေးရုံတဲ့'
လင်းနန္ဒ ကားကို မောင်းထွက်လာခဲ့ပြီး
'သွန်းလေးက ဘာဖြစ်တာတဲ့လဲ မေမေ...'
'နှလုံး ပြန်ဖောက်လို့တဲ့ ပြောတာပဲ...စစ်သွေးခန့်ဆိုတဲ့ ကောင်လေး ဖုန်းဆက်လို့ သိရတာ...'

YOU ARE READING
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomanceZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...