Part - 3 Unicode

3.5K 161 0
                                    

သွန်း breakfast စားဖို့ အောက်ဆင်းလာတော့ ဧည့်ခန်းထဲမှာ မေမေ ဖုန်းပြောနေတာကို ကြားရသည်။

'လင်းရော သက်သာသွားပြီလား...'

'အင်းပါ ဂရုစိုက်ဦးနော်...'

'ရပါတယ် စုရယ်...'

'အင်း...အင်း...ဒါပဲနော်...'

မေမေ ဖုန်းချပြီးတာနဲ့...

'မေမေ...အန်တီစုဆီကလား...ကိုကိုလင်း ဘာဖြစ်လို့လဲ..'

'အော်...လင်းရယ်လေ ညက အပူတွေကြီးပြီး သတိလစ်သွားလို့ ဆရာဝန်တောင် အိမ်ပင့်လိုက်ရတယ်တဲ့ အဲ့ဒါကြောင့် စုက ဒီနေ့ အိမ်မလာဖြစ်တော့ဘူးလို့ လှမ်းပြောတာပါ...'

'ဟင်...ကိုကိုလင်းကလား....ကိုကို နေမကောင်းဘူးလား မေမေ'

'အင်း...ကြည့်ရတာ မနေ့ထဲက ဖျားလာတဲ့ပုံပဲ...ခရီးကလဲ ပန်းသွားသေးတာဆိုတော့...'

'မေမေ...သမီး ကိုကို့ဆီ သွားချင်တယ် လိုက်ပို့ပေးပါနော်...'

'သမီးရယ် ဟိုက နေမကောင်းတာကို ဘာတွေ သွားရှုပ်ဦးမှာလဲ...'

'သမီး ရှုပ်မလို့ မဟုတ်ပါဘူး မေမေရယ်...သမီး ကိုကို့ကို စိတ်ပူလို့ပါ...လိုက်ပို့ပေးပါနော် မေမေ...'

မျက်ရည်လေးဝဲ၍ ပြောနေသော သမီးကို ဒေါ်သော်တာ သနားတာကြောင့်

'ကဲပါ မေမေ လိုက်ပို့ပေးမယ်...အဝတ်စားသွားလဲ...'

'ဟုတ် မေမေ...'

💍💍💍

သွန်း တစ်ယောက် ခြံကြီးကို ကြည့်ပြီး အံ့အားသင့်နေရသည်။ သွန်းက ကိုကို့ အိမ်ကို တစ်ခါမှ မရောက်ဖူးပါ...ကိုကိုကသာ သွန်းဆီ အမြဲ လာခဲ့တာ ဖြစ်သည်။ ကိုကိုတို့အိမ်ကို ဒီလောက်ခမ်းနားလိမ့်မယ်လို့ မထင်မိတာ အမှန်ပင်....အိမ်က တောင်ကုန်းပေါ်မှာ ဆောက်ထားတာဖြစ်ပြီး ခြံတံခါးဖွင့်ပြီး ခြံဝင်းထဲ ဝင်လာတောင် ၁၀ မိနစ်လောက် အိမ်ရောက်အောင် မောင်းနေရသေးတာ...ခြံထဲမှာလဲ ဥယျာဉ်ကြီးက အကျယ်ကြီးပင်....သစ်ပင်ပန်းမန်တွေကလဲ အစုံပင်...ပေါ်တီအောက် ရောက်ခါနီးကျတော့ အိမ်ရှေ့တည့်တည့်မှာ လုပ်ထားတဲ့ ရေပန်းကြီးက ရှိသေးသည်။ သွန်းတို့ကားလေးက ပေါ်တီအောက် ထိုးရပ်လိုက်တော့ ဦးလေးကြီး တစ်ယောက်က ကားတံခါးလာဖွင့်ပေးကာ

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎حيث تعيش القصص. اكتشف الآن