သွန်း ကိုကို ပြန်သွားတော့ နေလဲကောင်းနေပြီ ဖြစ်သဖြင့် ကျောင်းသို့ လာခဲ့သည်။ အခန်းထဲရောက်တော့ သွန်း ထိုင်နေကျ စားပွဲလေးမှာ ထိုင်လိုက်သည်။ သွေးကိုတော့ မမြင်မိသဖြင့် ဟိုကြည့် ဒီကြည့်ဖြင့် ရှာနေလေသည်။ ကျောင်းတက်ခါနီးကျတော့ သွေး နဲ့ ဖြူသစ္စာ အခန်းထဲ ဝင်လာလေသည်။ ဒါပေမဲ့ သွန်း ထိုင်နေသည့်ခုံမှာ ဝင်မထိုင်ကြပဲနဲ့ နောက်က တခြားခုံမှာ သွားပြီး ဝင်ထိုင်လေသည်။ သွန်းလဲ နည်းနည်းတော့ စိတ်အလိုမကျဖြစ်မိပေမဲ့ ဆရာမ ဝင်နေပြီဖြစ်၍ ဘာမှမပြောတော့ပေ....
'သွေး...'
သူ့ကို လာ၍ စကားပြောနေတဲ့ သွန်းကို မော့ကြည့်လိုက်ပြီး မသိချင်ယောင်ဆောင်ကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။ မဆိုင်သူတွေမို့ ဒီထက်ပိုပြီး ရင်းနှီးအောင် မနေရင် မကောင်းဘူးလား သွန်းရယ်...
'စစ်...ဖြူ့ကိုလဲ စောင့်ဦးလေ...'
သွေး ထွက်သွားတော့ ဖြူသစ္စာကလဲ အနောက်က လိုက်သွားလေသည်။ သွန်းကိုလဲ တစ်ချက်မှ မခေါ်ပေ...သွန်း တစ်ယောက်တည်း ကြောင်တောင်တောင် ရပ်ပြီး ကျန်ခဲ့လေသည်။ သွေးက သွန်းကို ဘာလို့ မသိချင်ယောင်ဆောင်သွားတာလဲဟင်...သွန်း စိတ်မကောင်းလဲ အတော်ဖြစ်သွားရသည်။ ဘာကြောင့်များလဲ သွေးရယ်...
💍💍💍
သွန်း နှင်းဆီပန်းလေးတွေကို ရေလောင်းပေးနေရင်း သွေး
အကြောင်းတွေကိုလဲ တွေးနေမိသည်။ သွန်း တကယ် မစဉ်းစားတတ်တာပင်...ဘာကြောင့် သွေး ခုလို ပြောင်းလဲ သွားရတာလဲ...'သွန်း...'
'အော်...မမ...'
'ဘာလဲ အဲ့လောက်တွေးနေတာလဲ သွန်းရဲ့...ဟင်...မျက်နှာလဲ မကောင်းပါလား...ဘာဖြစ်လို့လဲ...'
မမ မြဖူးပွင့်က သွန်းဘေးနားမှာ ထိုင်လိုက်ပြီး မေးလေသည်။
'သွန်းလဲ မသိပါဘူး...မမရယ်...သူငယ်ချင်းတစ်ယောက်က
ရုတ်တရက်ကြီး သွန်းကို မခေါ်တော့ဘူး...''အော်...သွန်းက အဲ့တာအတွက် စိတ်ရှုပ်နေတာပေါ့လေ...'
'ဟုတ်...'
'ညီမလေးရယ်...မမ အကြံပေးချင်တာကတော့ မျက်နှာချင်းဆိုင် တွေ့ပြီး ဖြေရှင်းလိုက်ပါ...သူငယ်ချင်းတွေ ကြားမှာ အဖုအထစ်တွေ ရှိနေတာ မကောင်းဘူးလေ...ဟုတ်တယ်မို့လား...'

ESTÁS LEYENDO
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomanceZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...