ဆေးရုံခုတင်ပေါ်မှာ ဆေးပိုက်တွေနဲ့ လှဲနေသော သွန်းကို ကြည့်ပြီး စစ်သွေးခန့် တော်တော်စိတ်မကောင်းဖြစ်မိသည်။ စာမေးပွဲကလဲ နီးနေပြီဆိုတော့ သွေး ပိုပြီး စိတ်ပူမိသည်။ ဒီပုံစံအတိုင်းဆို သွန်း ဘယ်လိုမှ စာမေးပွဲကို ကောင်းကောင်းဖြေနိုင်မည် မဟုတ်တော့ပါ...ခဲလေသမျှ သဲရေကျ ရတော့မည် မဟုတ်ပါလား....ထိုစဉ် သွန်းရဲ့ အမေ ဝင်လာပြီး...
'သား....'
'အော်...အန်တီ ဆရာဝန်က ဘာပြောလဲဟင်...'
'သမီးလေးက အရင်တည်းက သွေးအားနည်းတတ်တယ်လေ...ခုလဲ အဖျားရှိနေတာဆိုတော့ ရက်ပိုင်းလောက်တော့ အနားယူရမယ်လို့ ပြောတယ်...'
'ဒါဆို...စာမေးပွဲကရော...'
'ဟင်း....သူ ရအောင် ဖြေရမှာပေါ့...'
ဆေးရုံအခန်းထဲမှာတော့ တိတ်ဆိတ်မှုက ကြီးစိုးလျက်....စစ်သွေးခန့် သွန်းကို စိုက်ကြည့်နေမိသည်။ သွန်း....မင်း ဘယ်လိုဆက်လုပ်မှာလဲ...
💍💍💍
ဒီနေ့ သွန်း နောက်ဆုံးဘာသာ ဖြေလို့အပြီး စာမေးပွဲခန်းထဲက ထွက်လာခဲ့သည်။ လူကလဲ နေလို့မကောင်း...ခြေထောက်ပင် မနည်းသယ်နေရသည်။ သွန်း သိနေသည်....သွန်း ကြိုးစားထားသလောက် မဖြေနိုင်ခဲ့ပေ...သူများတွေ ၁၀ တန်းစာမေးပွဲပြီးလို့ ပျော်နေချိန်မှာ သွန်းက ငိုချင်စိတ်တို့သာ ကြီးစိုးနေလေသည်။ ကျောင်းအပြင်ရောက်တော့ မေမေက ကားနားမှာ သွန်းကို လာကြိုနေလေသည်။ သွန်း စာမေးပွဲ အတွင်း နေမကောင်းဖြစ်နေတော့ မေမေတို့လဲ အလုပ်ရှုပ်ကာ စိတ်ပူနေကြရသည်။ သွန်း မေမေ့နားရောက်တော့...
'သမီးလေး..ဖြေနိုင်လား...'
'ဟုတ် မေမေ...'
'ကဲ..ကဲ..ကားပေါ်တက် သမီးလဲ ပင်ပန်းနေပြီ အနားယူလိုက်တော့နော်....အားလုံးပြီးသွားပြီ...'
သွန်း ကားပေါ်တက်ထိုင်လိုက်သည်။ အားလုံး ပြီးသွားပြီတဲ့လား မေမေရယ်....ဟုတ်ပါတယ် ပြီးသွားခဲ့ပေမဲ့ အောင်စာရင်းက သွန်း မှန်းထားသလို ထွက်လာမှာ မဟုတ်တော့ဘူး မေမေရယ်...သွန်း ကြိုးစားထားတာတွေ အရာမထင်တော့ဘူး...သွန်းရဲ့ အခြေနေက ဘောပင်ကိုတောင် မနည်းကိုင်နေရတာပါ...လက်တွေလဲ တုန်နေတာမို့ စာကို ထိန်းရေးခဲ့ရသည်။ ကျက်ထားတဲ့စာတွေက မှတ်မိနေပေမဲ့ ခေါင်းတွေမူးကာ ချရေးဖို့ မတတ်နိုင်တဲ့ သွန်း အဖို့ ဒီလောက် ဖြေနိုင်တာပင် တော်တော်ကံကောင်းနေပြီလို့ ပြောရမည်...

KAMU SEDANG MEMBACA
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomansaZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...