Part - 12 Unicode

2.4K 105 0
                                    

စစ်သွေးခန့် ဘောလုံးလေ့ကျင့်ရေးမှ ပြန်လာခဲ့တော့ ညနေ ၆ နာရီလောက်တောင် ရှိနေပြီ ဖြစ်သည်။ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပြီး အခန်းထဲ ဝင်လာခဲ့တော့ သွန်းရဲ့ လွယ်အိတ်ကို တွေ့လေသည်။ ဟင်...သွန်းက ဒီချိန်ထိ မပြန်သေးဘူးလား...အိတ်ထဲက ဖုန်းကို ထုတ်၍ ခေါ်လိုက်တော့ သွန်းရဲ့ ဖုန်းက အိတ်ထဲမှာပဲ ကျန်ခဲ့လေသည်။

'ကျစ်...ဖုန်းလဲ ယူမသွားပဲ ဘယ်တွေ သွားနေတာလဲ'

အိမ်ကိုများ ပြန်သွားတာလား မသိ...သွန်းရဲ့ အိမ်ဖုန်းနံပါတ်ကို လျှင်မြန်စွာ နှိပ်ပြီး ခေါ်လိုက်လေသည်။

'တူ....တူ...'

'Hello...'

'Hello...အန်တီ ကျွန်တော်ပါ...စစ်သွေးခန့် ပါ ခင်ဗျ...'

ဒေါ်စုစုလှိုင် စဉ်းစားမိသည်။ ဒီချိန်ကြီးမှ ဒီကောင်လေး ဘာကြောင့် ဖုန်းခေါ်တာပါလိမ့်...သွန်းလဲ အိမ်ပြန်မလာသေးတာကြောင့် စိတ်ပူနေမိတာ...

'အော်...သား...ပြော...'

'သွန်း အိမ်ပြန်ရောက်ပြီလား...အန်တီ...'

'မရောက်သေးဘူး သားရဲ့...အန်တီလဲ စိတ်ပူနေတာ...သား နဲ့အတူရှိနေတာ မဟုတ်ဘူးလား...'

'မဟုတ်ဘူး အန်တီ...ကျွန်တော်က ဒီညနေပိုင်း ဘောလုံးလေ့ကျင့်ရေးရှိလို့...ခုမှ အတန်းထဲ ပြန်ရောက်တာ...သွန်း လွယ်အိတ်ပဲ တွေ့လို့...'

'ဟုတ်လား...ဒါဆို သွန်း တစ်ခုခုများဖြစ်နေတာလား မသိဘူး
သားရယ်...လိုက်ရှာပေးပါဦး...'

'ဟုတ် အန်တီ...ဒါဆို ကျွန်တော် ကျောင်းထဲမှာ တစ်ချက်ရှာကြည့်လိုက်မယ်...ကျွန်တော်က အိမ်များ ပြန်ရောက်နေတာလားလို့...'

'အေး..အေး..သားရယ် ရှာပေးပါဦး..တွေ့ရင် အန်တီကို အကြောင်းပြန်ပေးပါဦးနော်...'

'ဟုတ်...ဟုတ် အန်တီ...ဒါပဲနော် အန်တီ...'

ဖုန်းချပြီးတော့ ဒေါ်စုစုလှိုင် ဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။ သွန်းလေးရယ်...ဘာတွေများ ဖြစ်နေတာပါလိမ့်...

💍💍💍

စစ်သွေးခန့် ကျောင်းတစိခုလုံး လိုက်ရှာနေမိသည်။ မိုးကလဲ
တဖြည်းဖြည်း ချုပ်လာပြီး ၇ နာရီပင် ထိုးတော့မည်။ သွန်းရယ်...ဘယ်မှာလဲကွာ...စာကြည့်တိုက်ရှေ့ရောက်တော့ သော့ခတ်ထားတာ တွေ့ရလေသည်။ အရင်က စာကြည့်တိုက်ကို ခတ်တဲ့သော့က ဒီပုံစံ မဟုတ်ပါဘူး...သူ မသေချာသဖြင့် တံခါးကို လက်နဲ့ ပုတ်လိုက်ပြီး...

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎Tempat cerita menjadi hidup. Temukan sekarang