'ဗျာ...မေမေ...ပြန်ပြောပါဦး...'
'သွန်းလေး နေမကောင်းလို့ ဆေးရုံတက်နေရတယ်လို့...'
သွန်းလေး...နေမကောင်းဘူးတဲ့...ဖုန်းကိုင်ထားတဲ့ သူ့လက်တွေတောင် မခိုင်တော့သလို...ချက်ချင်းပင် ပြေးတွေ့ချင်မိလေသည်။
'ဆေးရုံတက်ရလောက်အောင် တော်တော်ဆိုးလို့လား...မေမေ'
'နှလုံးဖြစ်တာလေ သားရဲ့ မွေးရာပါတဲ့...မေမေတို့လဲ ခုမှ သိကြတာ...သော်တာတို့လဲ ရောက်နေကြတယ်...'
'ဟာ...မဖြစ်နိုင်တာ...ဆရာဝန်က ဘာပြောလဲ...'
'သိပ်တော့ မဆိုးသေးဘူးလို့ ပြောတာပဲ...ဂရုစိုက်ဖို့တော့ မှာထားတယ်...ဆေးတွေ မှန်မှန်သောက်ရင် ဘာမှမဖြစ်နိုင်ဘူးလို့ ပြောတယ်'
'သား ပြန်လာချင်တယ် မေမေ...သွန်းလေးကို တွေ့ချင်တယ်'
'သားရယ်...စာမေးပွဲကလဲ တစ်လလောက်ပဲ လိုတော့တယ် ကျောင်းလဲ ပြီးတော့မှာကို...'
'သား မစောင့်နိုင်တော့ဘူး...မေမေ သွန်းကိုလဲ စိတ်ပူတယ် အရမ်းလဲ တွေ့ချင်တယ် သား မနက်ဖြန်ပဲ လေယာဉ်လက်မှတ်ဖြတ်ပြီး လာခဲ့မယ်နော်...သိပ်ကြာကြာမနေပါဘူး မေမေရယ်...တစ်ရက် နှစ်ရက်လောက်ပါပဲ...နော် မေမေ...'
ဒေါ်စုစုလှိုင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သားက ပြောလဲ ရမယ့်ပုံမပေါ်တော့...သား နဲ့ သွန်းရဲ့ ကြားထဲက သံယောဇဉ်တွေကို သိနေရတော့လဲ ခွင့်ပြုရတော့မှာပေါ့...
'ဟင်း...အင်းပါ သားရယ် ပြန်လာခဲ့ပေါ့...'
'ကျေးဇူးပါ မေမေ...ဒါဆို သား ဖုန်းချလိုက်တော့မယ်...သား လုပ်စရာတွေ ရှိသေးလို့...'
'အေး..အေး..သား...'
လင်းနန္ဒ ဖုန်းချလိုက်ပြီးနောက် အဝတ်အစားတွေ ထည့်ရန် အခန်းထဲသို့ ဝင်လာခဲ့သည်။ သွန်းလေး...ကိုကို သွန်းကို လာတွေ့မယ်နော် နေကောင်းအောင်နေပါ ကလေးရယ်...
💍💍💍
လေယာဉ်ပေါ်က ဆင်းလာပြီးတော့ အသင့်လာကြိုနေတဲ့ ကားပေါ် တက်လာခဲ့သည်။ ကားလေးက သွန်း တက်နေတဲ့ ဆေးရုံဆီသို့ မောင်းသွားလေသည်။ ရောက်တာနဲ့ လင်းနန္ဒ ကားပေါ်က ဆင်းပြီး လက်ဆွဲအိတ်ကိုပါ ယူလိုက်ပြီး ဆေးရုံထဲသို့ ဝင်လာခဲ့သည်။ဆေးရုံရှေ့မှာ မေမေက စောင့်နေလေသည်။

YOU ARE READING
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomanceZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...