သွန်းနဲ့ ကိုကို ခြံထဲရှိ ဒန်းလေးပေါ်မှာ ထိုင်လိုက်ကြသည်။ နေ့ခင်းဘက်မို့ အရိပ်ရ သစ်ပင်တွေ ရှိနေသည့် ကိုကိုတို့ အိမ်က အေးချမ်းနေသည်ပင်...
'ကိုကိုရယ်...မမ မြဖူးပွင့်ကို အားနာစရာ...ဘာလို့အဲ့လိုပြောတာလဲ'
'ဘာအားနာစရာလိုလို့လဲ သွန်းလေးရဲ့...ဒါသူ့တာဝန်ပဲလေ...ကိုကိုက သွန်းလေး ထိခိုက်မှာကို စိုးရိမ်လို့ပါ...'
'အင်းပါ...သွန်း ဟင်းချက်တတ်ချင်တယ် ကိုကိုရဲ့...ဒါကြောင့်
မီးဖိုချောင်အလုပ်တွေကို ဝိုင်းပြီးကူနေတာ...''ဘာလုပ်မှာလဲ သွန်းလေးရယ်...ပင်ပန်းပါတယ်...'
'အို...ကိုကိုကလဲ သွန်းလဲ ကိုကို့ကို ချက်ကျွေးချင်တာပေါ့လို့...'
'ဟားဟား...ဟုတ်ပါပြီဗျာ...'
ကိုကိုက သွန်း ခေါင်းလေးကို ပုတ်၍ သဘောကျစွာ ရယ်မောလိုက်သည်။ အရမ်းချောတာပဲ ကိုကိုရယ်...ကြွေဟ...သွန်းရေ...
'ဟင်...ဘာတွေ အဲ့လောက်ကြည့်နေတာလဲ သွန်းလေးရဲ့...'
'ဟီး...ဘာမှဟုတ်ပါဘူး ကိုကိုက ချောလို့...'
'ဟောဗျာ...ခုမှ တွေ့ရတဲ့သူလဲ မဟုတ်ပဲနဲ့ လာမြှောက်နေပြန်ပါပြီ သွန်းလေးကတော့...ကဲ...ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ ပြော...ကိုကို့အချိန်တွေ အကုန်လုံး သွန်းလေးအတွက်ပဲ...အလုပ်ဝင်ရင်တော့ အားမှာ မဟုတ်တော့ဘူး...'
'ကိုကိုက ဒီနေ့မှ ပြန်ရောက်တာ ပင်ပန်းနေမှာပေါ့...နားဦးလေ...ဟီး ညကျမှ ရုပ်ရှင်လိုက်ပြလေနော်...သွန်း ညဘက် တစ်ခါမှ ရုပ်ရှင်သွားမကြည့်ဖူးလို့ပါ...'
'Ok ဗျာ...ဒါဆို ကိုကို ခဏ သွားအိပ်လိုက်ဦးမယ်...ညနေ ၅ နာရီလောက်ကျ နိုးနော်...'
'ဟုတ် ကိုကို...'
ကိုကိုနဲ့ သွန်း အိမ်ထဲ ပြန်ဝင်လာခဲ့ပြီး ကိုကိုကတော့ အခန်းထဲဝင်ကာ အိပ်တော့သည်။ သွန်းကတော့ မီးဖိုခန်းထဲ ဝင်လာခဲ့ပြီး သန့်ရှင်းရေးလုပ်နေတဲ့ မမ မြဖူးပွင့် ကို...
'မမ အကွဲတွေ ရှင်းပြီးပြီလား...အားနာလိုက်တာနော်...သွန်း လုပ်တာကို...'

YOU ARE READING
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomanceZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...