2 နှစ်ကြာပြီးနောက်.....
သွန်း တွက်လက်စ သင်္ချာစာအုပ်ကို ပိတ်လိုက်သည်။ နာရီကြည့်လိုက်တော့ ၁၁ နာရီထိုး...အင်း...အိပ်ရတော့မှာပဲ...
မနက်ဖြန်ဆို ၇တန်း စာမေးပွဲဖြေနေတာ နောက်ဆုံးဘာသာပင်...
အော်...ဘာလိုလိုနဲ့ သွန်းတောင် ၇တန်း ပြီးတော့မှာပါလား...
ကိုကိုရေ...ကိုကို သွန်းကို လာမတွေ့တာ ၂ နှစ်တောင် ရှိနေပြီနော်
ကိုကို နေနိုင်လိုက်တာ...ကိုကိုကတော့ သူငယ်ချင်း အသစ်တွေနဲ့ ပျော်နေပြီပေါ့....💍💍💍
'သမီးလေး...ဒီနေ့ ဖြေနိုင်လား...'
'ဖြေနိုင်တာပေါ့ မေမေရဲ့...'
'ဟုတ်ပါပြီကွယ် မေမေ့ သမီးလေးက တော်လိုက်တာ...သွား ရေသွားချိုးပြီး အဝတ်စားလဲထားနှင့်...ဖေဖေက ဒီနေ့ သမီးကို စာမေးပွဲ ပြီးလို့ အပြင်ကို ခေါ်သွားပေးမယ်တဲ့...'
'တကယ်လား မေမေ...ဝေး...ပျော်လိုက်တာ...အာ့ဆို သမီး ရေသွားချိုးတော့မယ်နော်...'
သွန်း ရေချိုး အဝတ်စားလဲပြီး ထွက်လာတော့ ဖေဖေက ဧည့်ခန်းမှာ ထိုင်စောင့်နေလေသည်။ ဖေဖေက မြို့ထဲမှာ car showroom ဖွင့်ထားသည်။ သွန်းတို့ မိသားစုက သိပ်အချမ်းသာကြီးမဟုတ်ပါ...ပုံမှန် ပြေလည်သော မိသားစုသာ ဖြစ်သည်။ သွန်း ဒီမိသားစုလေးမှာ နေရတာ အရမ်းပျော်မိသလို သွန်း ဖေဖေနဲ့ မေမေကိုလဲ အရမ်းချစ်လေသည်။ ကိုကိုတို့ကတော့ သွန်းတို့နဲ့မတူ အတော်ချမ်းသာသော မိသားစုဖြစ်သည်။ သွန်း ငယ်ငယ်က မသိခဲ့ပေမဲ့ ကိုကိုရဲ့ အဖေ ဦးမိုးထက်ဆိုတာ မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိသလောက် အလွန်ချမ်းသာပြီး ကျော်ကြားသော သူဌေးကြီး တစ်ဦး ဖြစ်လေသည်။ သွန်း အတွေးလွန်နေတာကို ဖြတ်၍ ဖေဖေ့ကို လှမ်းခေါ်လိုက်လေသည်။
'ဖေဖေ...ဘယ်ချိန်က ပြန်ရောက်တာလဲ...'
'အော်...သမီး...ကြာပြီကွယ့်...ရေတောင် ချိုးပြီးပြီ...'
'ဟီးဟီး ဟုတ်လား...မေမေရော...'
'အလှပြင်နေလေရဲ့...'
'မေမေက လှတယ်နော် ဖေဖေ...'
'လှတာပေါ့ကွ...ဖေဖေ့ မျက်စိထဲမှာ မင်းမေမေက ကမ္ဘာမှာ အလှဆုံး...'
![](https://img.wattpad.com/cover/178734475-288-k198194.jpg)
VOCÊ ESTÁ LENDO
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomanceZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...