'ရေး...နောက်ဆုံးတော့ စာမေးပွဲ ပြီးသွားပြီ'
သွန်းငွေရည် အခန်းပြင်ရောက်ရောက်ခြင်း စိတ်လက်ပေါ့ပါးစွာ ပြောလိုက်သည်။ သွန်းက ခုဆို Final year ပြီးပြီဆိုတော့ အရမ်းပျော်နေတာ ဖြစ်သည်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပြီးရင် ကိုကိုနဲ့ အတူတူ အလုပ်ဝင်ရတော့မယ်လေ...အမြဲတမ်း ကိုကိုနဲ့ အတူတူ အလုပ်လုပ်နေရတဲ့ မမမြဖူးပွင့်ကို အားကျနေခဲ့တာ...ခုတော့ သွန်းလဲ ကိုကို့ဘေးနားမှာ အလုပ်လုပ်ရတော့မယ်လေ...ကျောင်းပြင်ရောက်တော့ နောက်ဆုံးပေါ် မာစီးဒီးကားကြီးကို မှီကာ စောင့်နေသော ကိုကို့ကို တွေ့လေသည်။
'ကိုကို...'
ကိုကိုက သွန်းကို မြင်သွားပြီး သူ့ဆီ လျှောက်လာတဲ့ သွန်းကို ပြုံးပြကာ
'သွန်းလေး...ဖြေနိုင်လား...'
'ဖြေနိုင်တာပေါ့ ကိုကိုရဲ့...'
ကိုကိုက ကားတံခါးဖွင့်ပေးလိုက်ပြီး
'တက် သွန်းလေး...'
'ဟုတ်...'
ကားအကောင်းစားကြီးပေါ်ကို တက်သွားတဲ့ သွန်းကို ကျောင်းသူတစ်ချို့က အားကျတဲ့ အကြည့်တဲ့ ကြည့်နေကြသည်။ သိသားပဲ...သူတို့ ဘာကို ကြည့်နေလဲဆိုတာ...ကိုကို့ကိုပေါ့...သူတို့မျက်လုံးတွေက ကိုကို့အပေါ်မှာ စိတ်ဝင်စားနေတာ အသိသာကြီး...ဟွန့်...စိတ်တိုလိုက်တာနော်...
'ကိုကို့...ကိုကို့ မျက်နှာကြီးက ဘာလို့ အဲ့လောက် ချောနေတာလဲ...'
ကိုကိုက သွန်းရဲ့ စကားကို ကြောင်သွားပြီးမှ တစ်ချက်ပြုံးလိုက်ပြီး
'ကိုကို ချောတာ ခုမှ သိတာလား...'
'မကြိုက်ပါဘူး...နောက်ခါ ကိုကို ကျောင်းမလာနဲ့တော့'
'ငင့်...ဘာဖြစ်လို့လဲ...'
'မကြိုက်လို့ပေါ့...'
လင်းနန္ဒ အူတိုနေသော သွန်းရဲ့ ခေါင်းလေးကို တစ်ချက်ပုတ်လိုက်ပြီး
'သွန်းလေးက သဝန်တိုနေတာကိုး...'
'အံမယ် မဟုတ်ပါဘူးနော်...'
'ဟားဟား...ဟုတ်ပါတယ်...'
'ကိုကိုနော်...'
နှုတ်ခမ်းလေး ဆူလာသော သွန်းကို လင်း ဆက်မစတော့ပဲ လက်ဖမိုးလေးကို ယူနမ်းလိုက်ပြီး

ANDA SEDANG MEMBACA
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomantikaZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...