Part - 8 Unicode

2.9K 128 0
                                    

သွန်း အမှန်ပင် အံ့သြနေရသည်။ ဘယ်နှယ့်...ဆေးကျောင်းအမှတ်မီတဲ့သူက ဘယ်လိုဖြစ်ပြီး စီးပွားရေးတက္ကသိုလ်ကို ရောက်လာပါလ်ိမ့်...

'ဘာတွေ ကြောင်ကြည့်နေတာလဲ...လာလေ...အခန်းထဲ ဝင်ရအောင်...'

'အော်...အင်း'

အခန်းထဲရောက်တော့ ကျောင်းသားတွေလဲ တော်တော်ရောက်နေပြီ ဖြစ်သည်။ ကျောင်းစဖွင့်တဲ့နေ့ဖြစ်ပေမဲ့ ကျောင်းသားတွေ ကျောင်းတော့ လာတက်ကြသည်။ စကားပြောသံတွေကလဲ ဆူညံနေလေသည်။ စစ်သွေးခန့်က သွန်း ရဲ့ ဘေးမှာပဲ ထိုင်လေသည်။

'ဟိုလေ...ဒီခုံမှာ ထိုင်လို့ရလားဟင်...'

အသားဖြူဖြူ အရပ်ပုပုနဲ့ ကောင်မလေးတစ်ယောက်က လာမေးသောကြောင့် သူတို့ နှစ်ယောက်လုံး မော့ကြည့်လိုက်မိသည်။

'ရပါတယ် ထိုင်ပါ...'

'ဟုတ်...'

ထို ကောင်မလေးက စစ်သွေးခန့်ဘေးမှာ ဝင်ထိုင်လိုက်ပြီး...

'ကျေးဇူးတင်ပါတယ်နော်...ဖြူက နယ်က တက်လာတာဆိုတော့ သူငယ်ချင်းလဲ မရှိ...ကြောက်နေလို့...'

'အော်...သွန်းတို့လဲ တူတူပါပဲ...ဒါ သွန်း သူငယ်ချင်း စစ်သွေးခန့်လေ...သွန်းနာမည်ကတော့ သွန်းငွေရည်ပါ...'

'ဟုတ် ဖြူ့ နာမည်က ဖြူသစ္စာ ပါ...'

'ခင်ခင်မင်မင်နေကြတာပေါ့...'

'ဟုတ်...'

ဖြူသစ္စာ က မျက်လုံးလေးတွေ မှိတ်သွားသည်အထိ ပြုံးပြပြီး ဖြေလိုက်လေသည်။ စစ်သွေးခန့် ကတော့ ကြည့်တောင် ကြည့်ပါ...သွန်းက ချေမိုးနေတဲ့ သွေးကို လှည့်ကြည့်လိုက်ပြီး....ဟွန်း...လူမှုရေးကို မသိတတ်တဲ့ အကောင်....

💍💍💍

ဘာလိုလိုနဲ့ သွန်း ကျောင်းတက်နေတာ တစ်လတောင် ပြည့်တော့မယ်လေ...မမမြဖူးပွင့်နဲ့လဲ ပိုပြီး ရင်းနှီးလာသလို...ဖြူသစ္စာနဲ့လဲ ရင်းနှီးလာရသည်။ စစ်သွေးခန့်ကတော့ သွန်းမှာ စေ့စပ်ထားတဲ့သူရှိမှန်းသိပေမဲ့ သွန်း အနားမှာပဲ နေလေသည်။ သွန်းလဲ စစ်သွေးခန့် ရဲ့ ခံစားချက်တွေကို ရိပ်မိပေမဲ့ ဥပေက္ခာ ပဲ ပြုထားရလေသည်။ သွန်း ရင်ထဲမှာ ကိုကို တစ်ယောက်ပဲ ရှိတာမို့်....အခုလဲ သွန်း ကျောင်းထဲ ဝင်ပြီဆိုတာနဲ့ ကောင်လေးတွေရဲ့ မျက်လုံးတွေက သွန်းဆီ ရောက်လာကြသည်။ သွန်း နဲ့ စစ်သွေးခန့် ကို ကျောင်းရဲ့ King နဲ့ Queen လို့ သတ်မှတ်ထားတာကိုး...တစ်ချို့ဆိုရင် သွန်း နဲ့ သွေးကို တွဲနေတယ်လို့တောင် ထင်ကြလေသည်။

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎Donde viven las historias. Descúbrelo ahora