လင်းနန္ဒ အလုပ်ဝင်တာ တစ်လလောက်ရှိပြီဖြစ်၍ company
စာရင်းတွေလဲ တော်တော်များများနားလည်နေပြီ ဖြစ်လေသည်။ ခုလဲ နှစ်ချုပ်စာရင်းတွေ လချုပ်စာရင်းတွေ စစ်ရင်း အလုပ်ရှုပ်နေလေသည်။'ဒေါက်...ဒေါက်...'
'ဝင့်ခဲ့ပါ...'
သူ့ရဲ့ အတွင်းရေးမှူးမလေး ထားသူဇာ က ဝင်လာပြီး
'GM...reception မှာ အမ တစ်ယောက်ရောက်နေတယ်...GM နဲ့ တွေ့ချင်လို့တဲ့...အပွိုင့်မန့်တော့ ကြိုမယူထားဘူးတဲ့...သွန်းငွေရည် နဲ့ ပတ်သတ်တာ ပြောချင်လို့ဆို တွေ့ခွင့်ပေးမယ်ဆိုလို့်...'
'သွန်းလေးနဲ့.......ကောင်းပါပြီ ဝင်ခိုင်းလိုက်ပါ...'
အတွင်းရေးမှူးမလေး ပြန်ထွက်သွားတော့ လင်း စဉ်းစားမိသည်။ သွန်းရဲ့ သူငယ်ချင်းလား...ဘာပြောချင်လို့ပါလိမ့်...သွန်း တောင်ကြီးရောက်နေတာတောင် တစ်လလောက် ရှိနေပြီပဲ...ကလေးစုတ်လေး...လွမ်းနေပါတယ်ဆိုတာတောင် ပြန်မလာသေးဘူး....ဟူး...ခုတောင် လွမ်းလာပြန်ပြီ သွန်းလေးရယ်...ကောင်မလေး တစ်ယောက် ဝင်လာတော့ လင်း မတ်တပ်ရပ်လိုက်ပြီး ဆိုဖာကို ညွှန်ပြလျက်
'ထိုင်ပါဗျ...'
'ဟုတ်ကဲ့...'
လင်းလဲ ဆိုဖာမှာ ထိုင်လိုက်ပြီး
'ညီမက သွန်း သူငယ်ချင်းလား...'
'အင်း...ဟုတ်ခဲ့တယ်ပေါ့ရှင်...ခုတော့ မဟုတ်တော့ပါဘူး...ဖြူ့နာမည်က ဖြူသစ္စာ ပါ...'
'အကို့နာမည်က လင်းနန္ဒပါ...'
'သိတာပေါ့ရှင်...သွန်းရဲ့ စေ့စပ်ထားတဲ့ ကိုကိုပဲ...'
'အော်...ခုလာတဲ့ ကိစ္စက....'
'သွန်းရဲ့ အကြောင်းတွေ ပြောပြချင်လို့ပါ...ဖြူနဲ့ သွန်း ဆက်မပေါင်းဖြစ်ကြတော့တာလဲ ဒီအကြောင်းတွေ ကြောင့်ပါပဲ...သွန်းက အကို့ ကွယ်ရာမှာ ဘာတွေ လုပ်နေလဲဆိုတာ အကို သိရဲ့လား...'
'အကို သွန်းကို ယုံတယ်...'
'ယုံပါ...ဒါပေမဲ့ သွန်းက အကို့်ကွယ်ရာမှာ ယောကျာ်းလေးတစ်ယောက်နဲ့ ကြည်နူးပျော်ပါးနေတာ အကို သိရဲ့လား...အဲ့ကောင်လေးက အကိုစင်ကာပူမှာ ရှိနေတည်းက တွဲနေခဲ့တာ...ညီမလဲ သွန်းကို ပြောပါသေးတယ်...ပြောမရတဲ့အဆုံး ရန်တွေ ဖြစ်ပြီး မခေါ်ကြတော့တာပါပဲ...'

أنت تقرأ
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
عاطفيةZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...