Part - 5 Unicode

3.1K 130 0
                                    

သွန်း လက်က သက်သာလာတော့ ကျောင်းပြန်တက်ဖြစ်သည်။ ဒါပေမဲ့ စာရေးလို့တော့မရသေး...ပတ်တီးဖြူဖြူလေး စီးထားကာ ကျောင်းသို့ လာခဲ့သည်။ အတန်းထဲ ရောက်တော့ ခုံမှာ ထိုင်လိုက်တော့ သွန်း ကို စိတ်ပူကြ သတင်းမေးကြ လုပ်နေကြသည်။ ဒါပေမဲ့ သွန်း သတိထားမိတာက အဲ့ထဲမှာ စစ်သွေးခန့် ပါမလာတာပင်...ဖြစ်တဲ့နေ့တုန်းကတော့ စစ်သွေးခန့်ကပင် သွန်းကို ကျောင်းဆေးခန်း လိုက်ပို့...စိတ်ပူကာ
ပြာယာခတ်ခဲ့သူ ဖြစ်သည်။ ခုတော့ သူ မဟုတ်သလိုပင်...ခုံမှာ အေးဆေးထိုင်နေပြီး သွန်းဘက်ကို တစ်ချက်ပင် လှည့်မကြည့်ပါ...သူ ဘာဖြစ်သွားတာပါလိမ့်....

နေ့လည်ကျောင်းဆင်းတော့လဲ သွန်းကို မခေါ်...သွန်းလဲ သူ့ကို ဂရုစိုက်တာ မဟုတ်ပေမဲ့ စိတ်ထဲတော့ ကလိကလိဖြစ်မိသည်။ ဘာလဲဟ...ချက်ချင်းကြီး ပုံစံတွေ ပြောင်းလို့....
တစ်နေ့လုံးလဲ စကားလာမပြော ကြည့်လဲမကြည့်တာ ညနေကျောင်းဆင်းတဲ့အထိပင်....သွန်းလဲ စိတ်မရှည်တော့တာနဲ့ လမ်းလျှောက်နေတဲ့ သူ့ရှေ့ကို ပိတ်ရပ်လိုက်ပြီး...

'စစ်သွေးခန့်...နင် ဘာဖြစ်နေတာလဲ...'

'သွန်း...'

စစ်သွေးခန့် ဘာမှပြန်မပြောပဲ သွန်းရှေ့မှာ ရပ်နေမိသည်။ သွန်း ရိပ်မိပါတယ်...သွေးရဲ့ မျက်လုံးထဲမှာ သွန်းကို စိုးရိမ်နေတာတွေ...

'ကိုယ်...ကိုယ် တောင်းပန်ပါတယ် သွန်း...အဲ့နေ့က ဖြစ်သွားတာ ကိုယ့်ကြောင့်ဆိုတာ...အဲ့အမနှစ်ယောက်က သွန်းကို ကိုယ်နဲ့ ပတ်သက်ပြီး ရန်လာစလို့ ဖြစ်တာ...'

'အဲ့ဒါ ဘာလို့ သွေးရဲ့ အမှားဖြစ်ရမှာလဲ...သွန်း ဘာသာ ဖြစ်တာပဲကို...မဟုတ်မှလွဲရော သွန်းကို ရှောင်နေတာ ဒါကြောင့်လား...'

သွေးက သွန်းကို ရီရီဝေဝေလေး စိုက်ကြည့်နေသည်။ ခဏနေတော့မှ...

'ကိုယ် ကတိပေးတယ် သွန်း....နောက်ထပ် သွန်း ဘယ်တော့မှ မထိခိုက်စေရဘူး...'

'ဟင်...ဘာကိုလဲ...'

'ကိုယ် မင်းကို ကာကွယ်ပေးပါရစေ သွန်း....'

ဘုရားရေ...စစ်သွေးခန့် ဘာဖြစ်သွားတာပါလိမ့်...သူက အတည်ကြီး ပြောနေသည်မို့ သွန်း ကြက်သီးတွေတောင် ထချင်လာသည်။ အာ...ဘယ်လိုကြီး ကြည့်နေပြန်တာပါလိမ့်...

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎Where stories live. Discover now