Part - 13 Unicode

2.4K 104 0
                                    

ကျောင်းရောက်တော့ အခန်းထဲမှာ သွေးကို တွေ့လေသည်။ လက်ကို ပတ်တီးစီးထားလျက် တွေ့ရတော့ စိတ်တော့ မကောင်းပေ...သွန်းကြောင့် ဖြစ်ရတာ မဟုတ်ပါလား...

'သွန်း...ရောက်ပြီလား...'

'အင်း...သွေး လက်ရော သက်သာရဲ့လား...'

'သက်သာပါတယ် သွန်းရယ်...'

'ဟိတ်...ရောက်တောင်ရောက်နေကြပြီကိုး...'

စားပွဲကို ပုတ်၍ လာပြောနေသော ဖြူသစ္စာကို သွန်းက ကြည်ကြည် ဖြူဖြူ ပြန်ပြုံးပြပေမဲ့ သွေးကတော့

'မင်း...ဒီကို လာရဲသေးတယ်ပေါ့...'

'ဟင်...ဘာလို့မလာရဲရမှာလဲ စစ်ရဲ့...'

'မင်း မနေ့ညနေက သွန်းကို ဘာလုပ်ခဲ့လဲဆိုတာ ငါ သိတယ်...'

ဖြူသစ္စာက နှုတ်ခမ်းကို တွန့်ပြုံးလိုက်ပြီး...

'အော်...အဲ့ဒါလား...'

သွန်းက သူတို့ပြောနေတာတွေကို နားမလည်သဖြင့်

'နေပါဦး...ဘာတွေပြောနေကြတာလဲ...'

'သွန်း...ဖြူသစ္စာကို သူငယ်ချင်းလို့ သတ်မှတ်နေတုန်းလား...အဲ့ဒါဆို ခုချိန်ကစပြီး ဖြူသစ္စာဟာ သွန်း သူငယ်ချင်းမဟုတ်တော့ဘူး...'

'ဘာကိုလဲ သွေးရဲ့...သွန်း နားမလည်ဘူး...'

'မနေ့ညနေက သွန်းကို တံခါးသော့ပိတ်သွားတာ ဖြူသစ္စာပဲ...'

'ဟင် မဖြစ်နိုင်တာ...ဖြူ...မဟုတ်ဘူးမို့လား...'

သွန်း ဖြူ့လက်လေးကို ကိုင်၍ မေးမိတော့ ဖြူက လက်ကို ဖြုတ်ချလိုက်ပြီး...

'အေး...ဟုတ်တယ်လေ...အဲ့တော့ ဘာလုပ်ချင်လဲ စစ်သွေးခန့်...နင့် ဟာမ ထိတော့ နာနေတာလား...'

'တောက်...ဖြူသစ္စာ မင်း မမိုက်ရိုင်းစမ်းနဲ့...'

'ဟင်း...ဟင်း...မိုက်ရိုင်းတယ်...ဟုတ်လား...'

ဖြူသစ္စာက တဟင်းဟင်းသာ ရယ်နေလျက် သွေးကတော့ ဒေါသတွေထွက်ကာ အသားတွေတောင် တဆတ်ဆတ်တုန်နေလေသည်။

'သွေး...သွေး စိတ်လျော့ပါနော်...ပြီးခဲ့တာ ပြီးသွားပြီပဲ...သွန်းလဲ ဘာမှဖြစ်တာမှ မဟုတ်တာ...'

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎Where stories live. Discover now