Part - 16 Unicode

2.5K 106 0
                                    

သွန်း အံ့သြသွားကာ ပါးလေးကို ကိုင်၍ ကိုကို့ကို ကြည့်နေမိသည်။ ကိုကိုက သွန်းကို ပြုံးပြီး ကြည့်နေကာ

'ဘာလဲ...အာဘွားပေးတာ မကြိုက်ဘူးလား...'

'အဲ...အဲ့လိုတော့လဲ မဟုတ်ပါဘူး...ဒီတိုင်း...'

စကားတွေပါ ထစ်ကာ ရှက်နေသော သွန်းလေးကို လင်း သဘောကျစွာ ရယ်မောလိုက်ပြီး သွန်း ကိုယ်လုံးလေးကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တော့သည်။ ရင်ခွင်ထဲက သွန်းကတော့ ပြန်မရုန်းပဲ ငြိမ်ငြိမ်လေး နေနေလေသည်။

'ကလေး...ကိုကို့ကို ချစ်လား...'

'အင်း...'

'ဘာ အင်း လဲ...သေချာဖြေ...'

'ချစ်တယ်လို့...'

'ကိုကိုလဲ ကလေးကို အရမ်းချစ်တယ်...ကိုကိုတို့ မခွဲရတော့ဘူးနော်...ပြီးတော့ ကိုကိုက ကလေးတစ်ယောက်တည်းကိုပဲ ချစ်ပြီး ကလေးကိုပဲ လက်ထပ်မှာ...'

'ဟုတ်...'

'ကလေးကရော...ကိုကို့ကို လက်ထပ်မှာလား...'

'သွန်းမှာ ကိုကို တစ်ယောက်ပဲ ရှိတာပါ...'

'ဟုတ်ပါပြီ...သွန်းလေးရာ အရမ်းချစ်တယ်...'

လင်းနန္ဒ သွန်းကို ပိုတိုး၍ ဖက်လိုက်လေသည်။ ကလေးနဲ့ ကိုကို တသက်လုံး မခွဲတော့ဘူးနော်...ထာဝရ...

💍💍💍

လင်းနန္ဒ ဒီနေ့ ဖေဖေ့ company မှာ အလုပ်စဝင်ရမှာမို့ မနက်
စောစောထကာ ပြင်ဆင်နေမိသည်။ နက်ခ်တိုင်ကို ကျကျနန စီးပြီးသည့်နောက် ကုတ်အင်္ကျီကို ဆွဲယူကာ အောက်သို့ ဆင်းလာခဲ့သည်။ အောက်ဆုံးထပ်ရောက်တော့ ဖေဖေက ဧည့်ခန်းထဲမှာ စာဖတ်နေပြီး မေမေ နဲ့ သွန်းက ထမင်းစားခန်းထဲမှာ မနက်စာပြင်နေလေသည်။

'ဟော...သားတောင် ပြီးသွားပြီကို...'

'ဟုတ် ဖေဖေ...'

'သားကို ခုလက်တလောတော့ GM (General Manager) ရာထူးနဲ့ပဲ အလုပ်စလုပ်ခိုင်းမယ်...သား ကျွမ်းကျင်ပြီ လုပ်ငန်းသဘောကို နားလည်ပြီဆိုတော့မှ လုပ်ငန်းတွေ ခွဲပေးမယ်...'

'ရပါတယ် ဖေဖေ...GM ရာထူးတောင် ခုမှ အလုပ်စဝင်တဲ့ သားအတွက် မြင့်နေပါသေးတယ်...'

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎Tempat cerita menjadi hidup. Temukan sekarang