Part - 1 Unicode

7K 195 2
                                    

ကျွန်မ နာမည်က သွန်းငွေရည်....ကျွန်မ အသက် ၅ နှစ်လောက်မှာပေါ့...ကိုကို ဆိုတဲ့သူနဲ့ စတွေ့ခဲ့တယ်...ကိုကို့ နာမည်က လင်းနန္ဒတဲ့...သွန်းထက် ၃ နှစ်ပိုကြီးတယ်...

'သမီးလေး...ဒါ လင်းနန္ဒတဲ့...သမီးရဲ့ ကိုကိုနော်...'

သွန်းငွေရည် သူ့ရှေ့မှာ ရပ်နေတဲ့ အသားဖြူဖြူနဲ့ ခပ်ချောချောအကိုကြီးကို ကြည့်လိုက်ပြီး...

'သွန်းရဲ့ ကိုကိုလား...'

မေမေက ပြုံး၍

'ဟုတ်တယ် သမီးရေ...မေမေတို့ ဧည့်ခန်းမှာ စကားသွားပြောလိုက်ဦးမယ်နော် ကိုကိုနဲ့ နေခဲ့...သားရေ ညီမလေးကို ထားခဲ့မယ်နော်...'

'ဟုတ်ကဲ့ အန်တီ...'

မေမေက အခန်းထဲကို ထွက်သွားတော့ သွန်း ဆော့နေတဲ့ ဘိုမရုပ်လေးကို ချထားပြီး ကိုကို့နားသွားလိုက်သည်။ ကိုကိုက သူ့နားရောက်လာတဲ့ သူ့ကို ပြုံးကြည့်ပြီး...

'ကလေး နာမည်က သွန်း လား...'

'ဟုတ်...သွန်းငွေရည် ပါ ကိုကို...'

'ဟဟား...သွန်းက ချစ်စရာလေးပဲ...'

'ကိုကိုလဲ ချစ်ဖို့ကောင်းတာပဲ...သွန်းတို့ဆီကို ဘယ်လိုရောက်လာတာလဲ...'

'အော်...မေမေနဲ့ လိုက်လာတာလေ...'

'ဟုတ်လား...နောက်ဆိုလဲ လိုက်လာခဲ့ဦးနော်...အိမ်မှာက သွန်း တစ်ယောက်တည်းရယ်...အရမ်းပျင်းဖို့ကောင်းတာပဲ..'

'သွန်းက ကိုကို လာရင် ပျော်တယ်ပေါ့...'

'ဟုတ်...'

ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ ကလေးမလေးရဲ့ ပါးကို အသဲယားစွာ လက်ဖြင့် ညှစ်လိုက်ပြီး...

'ကလေး ပျော်ရင် ကိုကို လာခဲ့မှာပါ...'

နောက်လဲ ကိုကိုက ပြောတဲ့အတိုင်း အိမ်ကို ခဏခဏလာလည်ပါတယ်...ဒီလိုနဲ့ ကိုကိုနဲ့ သွန်းနဲ့ သံယောဇဉ်တွေလဲ တဖြည်းဖြည်းတွယ်လာခဲ့တာပေါ့....

💍💍💍

ခုဆိုရင် သွန်းက ၅ တန်းပင် ရောက်နေပြီ ဖြစ်သည်။ ကိုကိုကတော့ ၈ တန်းကျောင်းသားကြီးဖစ်နေပြီပေါ့...ထုံးစံအတိုင်း ကိုကို လာမည်ဆို၍ ခြံထဲက ဒန်းပေါ်မှာ စာဖတ်ရင်းစောင့်နေလေသည်။

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎Where stories live. Discover now