Part - 10 Unicode

2.8K 116 1
                                    

စစ်သွေးခန့် ဒီနေ့ သွန်းဆီ သတင်းမေးရန် လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော် မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ကို ပူလောင်စေသည်လေ...ဒါပေမဲ့ တခြားသူရင်ခွင်ထဲမှာ ပြုံးပျော်နေတဲ့ သွန်းကို မြင်ရတော့လဲ...သွန်းရယ်...မင်း ပျော်နေရင် ဘာပဲဖြစ်ဖြစ် ကိုယ်ကျေနပ်မိပါတယ်...စစ်သွေးခန့် အခန်းထဲ မဝင်တော့ပဲ ဆေးရုံအပြင်သို့ ပြန်ထွက်လာခဲ့သည်။ နေပါစေတော့...မသက်ဆိုင်တဲ့ သူတွေလို ဖြစ်နေကြပြီ
မဟုတ်လား...သွန်း....

💍💍💍

ပန်းခြံက ထိုင်ခုံလေးပေါ်ရောက်တော့ သွန်းကို ထိုင်ခုံပေါ်မှာ ချပေးလိုက်ရင်း လင်း လဲ သွန်း ဘေးမှာ ဝင်ထိုင်လိုက်သည်။ သွန်းလေးက သူ့လက်မောင်းတစ်ဖက်ကို မှီခိုလာပြီး...

'ကိုကို...ဘယ်တော့ ပြန်မှာလဲဟင်...'

'သဘက်ခါ...သွန်းလေး...'

'ဟင့်...သွန်းက ကိုကို နဲ့ ခွဲချင်သေးဘူး...'

'သွန်းလေးရယ်...ကိုကိုက သိပ်မကြာတော့ပါဘူး...သုံးလ လေးလလောက်ပါပဲနော်...ဟိုမှာ ကိစ္စတွေ အကုန်ပြီးရင် ကိုကို ပြန်လာခဲ့ပါ့မယ်'

'အင်းပါ...သွန်း စောင့်ရမှာပေါ့...'

'စိတ်မကောင်းဖြစ်သွားတာလား သွန်းလေး...မဖြစ်ပါနဲ့နော်...'

'မဖြစ်ပါဘူး...ရပါတယ် ၃ နှစ်ကျော်ကြီးကျော် ခွဲခဲ့ပြီးပြီပဲ...နောက်ထပ် သုံးလလောက်ကတော့ သွန်း စောင့်နိုင်ပါတယ်...'

'အင်းပါ...သွန်းလေးရာ...ကျန်းမာရေး ဂရုစိုက်ဦးနော်...'

'ဟုတ်...ကိုကို....'

လင်းနန္ဒ သွန်းကို ပြန်ဖက်လိုက်ပြီး...ကိုကိုတို့ နီးရတော့မှာပါ
သွန်းလေး...

💍💍💍

မနက်ဖြန်ဆို ကိုကိုက ပြန်ရတော့မည်။ ဒါကြောင့်မို့လဲ နေကောင်းခါစ သွန်းကို ရန်ကုန်မြို့ထဲမှာ လျှောက်လည်ဖို့ ခေါ်သွားပေးလေသည်။ ညဘက်ကြီး ဖြစ်၍ လမ်းတွေတိုင်းမှာ မီးတွေ ထွန်းထားပြီး လှပနေလေသည်။ သွန်းတို့ အခုလမ်းလျှောက်နေတာက အင်းလျားကန်ဘောင်နားမှာပါ...သွန်းတို့လိုပဲ လမ်းလျှောက်နေကြတဲ့ သူတွေ အများကြီးပါ...သွန်းက ညဘက်တွေ လူကြီးတွေ မပါပဲနဲ့ အပြင်မထွက်ဖူးပေ...ကိုကို ပါလို့ စိတ်ချလက်ချ လွှတ်တာနေလိမ့်မည်...သွန်းက ကိုကို့လက်ကို တွဲ၍ လမ်းလျှောက်နေမိသည်။ ကိုကိုက သွန်းကို ငုံကြည့်၍

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎Where stories live. Discover now