စင်ကာပူ မှ မြန်မာနိုင်ငံ သို့ ဆိုက်ရောက်လာသော လေယာဉ်ကြီးထဲမှ ကိုကို ပါလား မပါလား သွန်းတို့ ကြည့်နေကြသည်။ ဟော...တွေ့ပါပြီ ကိုကို...သူများထက်မြင့်နေတဲ့ အရပ်ရှည်ရှည်နဲ့ စတိုင်ပင် နဲ့ ရှပ်အင်္ကျီကို စမတ်ကျကျ ဝတ်ဆင်ထားသော ကိုကို...ဘေးမှာ ခရီးဆောင်အိတ် တစ်လုံးကို ဆွဲ၍ စမတ်ကျကျ လမ်းလျှောက်လာလေသည်။ သွန်းတို့ကို မြင်တော့ လက်တစ်ဖက်ကို မြှောက်၍ ပြုံးပြကာ လျှောက်လာလေသည်။ ကိုကို့ဘေး ဖြတ်လျှောက်သွားတဲ့ တစ်ချို့ကောင်မလေးတွေဆိုရင်တောင် မသိမသာ ပြန်လှည့်ကြည့်သွားကြသည်လေ...အော်...ကိုကိုက အရမ်းစမတ်ကျပြီး ချောနေတာကိုး...မနာလိုလိုက်တာ ဟွန့်...
ကိုကိုလဲ အနားရောက်ရော...သွန်း ကိုကို့ကို ပြေးဖက်လိုက်လေသည်။ ကိုကိုလဲ ပြန်ဖက်၍ သဘောကျစွာ ပြုံးနေသေးသည်။ နောက်ဆုံးတော့ သွန်းတို့ ပြန်ဆုံရပြီ ကိုကို....
ဘေးမှာ ပါလာတဲ့ တီစုက'ကလေးတွေနော်...လူမြင်ကွင်းကြီးမှာ တော်တော်ကဲ...'
အဲ့တော့မှ သွန်းနဲ့ ကိုကိုက ပြန်ခွာလိုက်ပြီး
'မေမေကလဲ...ခုမှ ပြန်တွေ့ရတာကို...'
'အေးပါ...အေးပါ...မေမေ့သားလေး...ဒီကို လာပါဦး...'
လင်းနန္ဒ နဲ့ ဒေါ်စုစုလှိုင် လဲ တစ်ယောက်နဲ့ တစ်ယောက် ဖက်လိုက်ကြသည်။ ပြီးတော့မှ
'လင်းရေ...အိမ်ပြန်ရအောင်နော်...မေမေ ဟင်းတွေအများကြီး ချက်ထားတယ်...'
'Good တာပေါ့ မေမေရ...သား မေမေ့ လက်ရာကို လွမ်းနေတာ...'
'လာ...အိမ်ပြန်ရအောင်...'
သွန်းတို့ သုံးယောက် ကားပေါ်အထုပ်တွေ တင်ပြီး အိမ်ပြန်လာခဲ့ကြသည်။ ကားပေါ်ရောက်တော့လဲ စကားတွေ အများကြီး ပြောနေမိကြသည်။ အိမ်ထဲရောက်တော့ မမ မြဖူးပွင့် နဲ့ အလုပ်သမားတွေက အိမ်ရှေ့မှာ ကြိုနေကြလေသည်။ ကားတံခါးဖွင့်၍ ဆင်းလာပြီး မေမေက မမ မြဖူးပွင့်ကို
'ကိုမိုး...ရောက်ပြီလား...မြဖူးပွင့်'
'မရောက်သေးပါဘူး...အန်တီ'
ဒေါ်စုစုလှိုင် ဧည့်ခန်းထဲမှာ လျှောက်လာခဲ့ပြီး ဆိုဖာမှာ ဝင်ထိုင်လိုက်လေသည်။ လင်းနန္ဒလဲ ဆိုဖာပေါ် ခြေပစ် လက်ပစ် ထိုင်ချလိုက်ပြီး...

YOU ARE READING
"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎
RomanceZawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ရှိလာမလဲဆိုတာ....👉🏻👉🏻 Unicode သွန်းငွေရည်နဲ့ နေလင်းခန့်ဟာ ငယ်စဉ်ကတည်း...