တရိပ်ရိပ်နဲ့ ဖြတ်သန်းလာခဲ့သမျှ လမ်းဘေးတွေဟာ ခြောက်သွေ့လွန်းလှသည်။ ကားနှင့်အတူတူသွားချင်ပေမဲ့ ကားက ဒီဘက်ထိမရောက်ပဲ သက်သက်ငှားရမည် ဖြစ်သည်။ ကြီးမေကလည်း ဆိုင်ကယ်နဲ့သွားဖို့ပြော၍ သူတို့၂ယောက်ထဲ မိုးလင်းအာရုဏ်ထဲက စထွက်လာခဲ့ခြင်း။
ဆိုင်ကယ်မောင်း ကျွမ်းသားပဲ။ ခေါင်းတွေပူလာလို့ ဆိုင်ကယ်ဦးထုပ်ကို ချွတ်ကာ ရှေ့မှာ လှမ်းချိတ်ခိုင်းချင်ပေမဲ့ သူဆိုင်ကယ်မောင်းတာ အနှောင့်အယှက်ဖြစ်သွားမည်စိုး၍ နောက်မှာပဲ လက်ကိုင်တန်းမှာ ကြိုးသိုင်းရင်း လူကရှေ့တိုးထိုင်လိုက်သည်။
ခရီးက နည်းနည်း အလှမ်းဝေးတာမို့ ဂျာကင်ထူထူဝတ်ထားတဲ့ သူ့ကိုယ်ကို ကျွန်တော် သိုင်းဖက်လိုက်သည်။
အိုးးး အခုမှ နေသားကျသွားလိုက်တာ၊ ညောင်းလည်းမညောင်းတော့ဘူး။
ဒီတစ်ခါတော့ လေးတယ်လို့ မထွက်လာတော့ ကျေးဇူးလေး ကြိတ်တင်မိသည်။
ဟိုတစ်ခါ ဆေးရုံရောက်ပြီးကတည်းက သူကျွန်တော့ကို အပြစ်သိပ်မပြောတော့။ သူ့အပြစ်ဟုမှတ်ယူပြီး ကျွန်တော့ကို ဂရုစိုက်လာသည်။ ဒီနေ့ ဒီကိုလာဖို့က ကျွန်တော် မကွေးလာရင်းထဲမှာ မပါပါ။
သို့သော် နေ့တစ်ဝက်လောက် ဆိုင်ကယ်စီးရသောဒီခရီးကို သူကိုယ်တိုင်လိုက်ပို့လာတော့ ကျွန်တော် ကြည်နူးရသည်။
နောက်တစ်ပတ်ဆို ကျောင်းပြန်ဝင်ရတော့မည် ဖြစ်၍ ကျွန်တော် ဒီမှာ နေနိုင်မည့်ရက် သိပ်မကျန်တော့။
ကြားထဲ ဆေးရုံက တက်လိုက်ရတော့ အချိန်က ကျန့်ကြာသွားသည်။ လာတဲ့ ၂ပတ်တာဟာ ဖင်လှည့်ခေါင်းလှည့်နဲ့ ကုန်သွားလေတော့မည်။
ဒီက ပြန်ရင် သူပြောတဲ့ မင်းဘူးမြို့က အဲ့ဖွယ်နေရာတွေ သွားဦးမည်ဟု တေးထားမိသည်။
YOU ARE READING
သူငယ်ချင်းလေးပါတဲ့ Just Friends ( Completed )