ဆေးရုံကိုခေါ်လာသည်အထိ လူက မလှုပ်မယှက်မို့ အသက်မရှူတော့မှာစိုးရိမ်ပြီး ခဏခဏ လည်ပင်းလေးကို သွေးတိုးစမ်းရသည်။ လက်ကို သွေးလာတိုးတဲ့ ခုန်နှုန်းလေးလာထိမှ အသက်ကိုဝဝရှူနိုင်သည်။
ဘာဖြစ်သွားရတာလဲ။ ဒီအတောအတွင်း သိသိသာသာပိန်လာတာကလွဲရင် နေမကောင်းတာတွေဘာတွေလည်း မဖြစ်ပါဘူး။ ဖျားတာနာတာလည်းမရှိ။ ယုတ်စွအဆုံး ခေါင်းမူးခေါင်းကိုက် နာစေးချောင်းဆိုတာလေးပင် မဖြစ်။
မျက်နှာလုံးလုံးကစ်ကစ်နဲ့ ပိုးဟပ်ဖြူလေးလို ဖြူဆုတ်နေတာကိုတော့ သတိထားမိပေမဲ့ အမြဲ အိမ်ထဲအောင်းနေရလို့ လို့ပဲ ထင်နေခဲ့တာပါလေ။
အခုလည်း အရေးပေါ်ခန်းထဲ ဝင်သွားတာထွက်မလာသေး။ စိတ်ပူနေတော့ ထိုင်မရထမရ နှင့် လိပ်ခေါင်းရောဂါခံစားနေရသူလိုလို ဆပ်ပြာသည်လင်ပျောက်သူလိုလို။
တံခါးဖွင့်သံကြားလို့ လှည့်ကြည့်တော့ ဆရာဝန်နှစ်ယောက်ထွက်လာသည်။
သူ့ကိုများခေါ်လေမလား ကြည့်နေတုန်း ဆရာတို့က တစ်ဖက်ကိုထွက်သွားကြသည်။
နောက်ထပ် ဆပ်ပြာသည် လင်ပျောက်ပြန်ပြီ။ ခေါက်တုန့်ခေါက်ပြန်လျှောက်နေတာ အများသူငှာတွေလည်း မျက်စိနောက်လောက်ပြီ။
အာရုံလည်းမစိုက်နိုင်ပါ။ အားလည်းမနာနိုင်ပါ။
သူ့မှာ.... သူ့မှာ ဒီတစ်ယောက်ပဲရှိတာလေ ။
ဘာမှမဖြစ်ပါစေနဲ့။ ဘာရောဂါထွေထွေထူးထူးမှ မဖြစ်ပါစေနဲ့။
မဖြစ်လောက်ပါဘူးနော်။ သူက ဟိုကိုးရီးယားကားတွေထဲကလို သွေးကင်ဆာတွေဘာတွေ မဟုတ်နိုင်ပါဘူးနော်။
မဖြစ်နိုင်ပါဘူးလေ။ သူက အဲ့လိုလူတွေလို သွေးတွေဘာတွေ နှာခေါင်းကနေလျှံထွက်တာမျိုးမှမရှိတာ။
ဘုရားစာရွတ်ဖို့လည်းစိတ်ကမရောက်။
ဘာမှမဖြစ်ပါစေနဲ့ ဆိုသော စကားစုလေးကိုသာ ဂါထာရွတ်သလိုရွတ်နေမိသည်။
![](https://img.wattpad.com/cover/193672369-288-k26310.jpg)
YOU ARE READING
သူငယ်ချင်းလေးပါတဲ့ Just Friends ( Completed )